“ကေအိုင်အို ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်နှိမ်နှင်းရေးဗဟိုကော်မတီဝင်များ အရှေ့ပိုင်းဒေသကို သွားရောက်ကြည့်ရှု”

ကေအိုင်အို ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်နှိမ်နှင်းရေး ဗဟိုကော်မတီမှ ကော်မတီဝင်များအနေဖြင့် အရှေ့ပိုင်းဒေသ ကော်မတီဝင်များဆီ သွားရောက်တွေ့ဆုံကာ အတွေ့အကြုံဖလှယ်ခြင်းကို ဇွန်လ ၃ ရက်နဲ့ ၄ ရက်အတွင်း လုပ်ဆောင်ခဲ့ကြပါတယ်။  ကေအိုင်အို ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်နှိမ်နှင်းရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဆရာကြီး ဆွမ်လွတ်ဂမ်၊ အတွင်းရေးမှူး ဗိုလ်ကြီး လဖိုင်ဟိန်ဝမ်နှင့် ကော်မတီအဖွဲ့ဝင် ဆလမ်ဂဘာ လဖိုင်ခွန်နောင်တို့အနေဖြင့် အရှေ့ပိုင်းဒေသရှိ စစ်ဆေးရေးနေရာနဲ့ အသွားအလာကန့်သတ်စောင့်ကြည့်ရေးနေရာများကို သွားရောက် ကြည့်ရှုစစ်ဆေးကာ အတွေ့အကြုံဖလှယ်ရင်း လိုအပ်ချက်များကို ဖြည့်စွက်ပြီး ကပ်ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းတွင် အသုံးပြုဖို့ အရေးပေါ်လူနာတင်ယဉ်တစ်စီး ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ အရှေ့ပိုင်းဒေသမှာ အေအာတီနဲ့တီဘီဆေးသုံးစွဲရသူတွေရှိကာ ထိုသူများက လွယ်ဂျယ်ဘက်သွားရောက်ထုတ်ယူရကာ အသွားအလာအခက်အခဲရှိကြောင်း ပြောဆိုခဲ့ကြပါတယ်။ “ပေးလိုက်တဲ့ဆေးကတော့ ၁၅ ရက်စာပါ၊ စည်းကမ်းချက်တွေအရ လွယ်ဂျယ်သွားရင် ၁၄ […]