“ကမ္ဘာ့ပတ်ဝန်းကျင်နေ့ အထိမ်းအမှတ်အဖြစ် နောင်ရာပါဂေါက်ကွင်းတွင် သစ်ပင်စိုက်”

K.I.O ဗဟိုကော်မတီ ဥက္ကဋ္ဌရဲ့ ကမ္ဘာ့ပတ်ဝန်းကျင်နေ့အထိမ်းအမှတ်နေ့ အစီအစဉ်အဖြစ်  ဇွန်လ ၅ ရက်နေ့ မနက်တွင် နောင်ရာပါဂေါက်ကွင်းအတွင်း သစ်ပင်စိုက်ပျိုးခြင်းများ လုပ်ဆောင်ခဲ့ရာတွင်  K.I.O ဗဟိုကော်မတီ ဥက္ကဋ္ဌ အင်ဘန်လ ကိုယ်တိုင်ပါဝင် စိုက်ပျိုးခဲ့တာလည်း ဖြစ်ပါတယ်။ ယခုလိုလုပ်ဆောင်ခြင်းဟာ ကမ္ဘာ့ပတ်ဝန်းကျင်နေ့ကို အသိအမှတ်ပြုခြင်းအပြင် နောင်ရာပါဂေါက်ကွင်း အများပြည်သူနေရာမှာ သစ်ပင်စိုက်ပျိုးခြင်းဖြင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေဖို့ ရည်ရွယ်တာလည်း ဖြစ်တယ်လို့ ဂေါက်ကွင်းကော်မတီထံမှ သိရပါတယ်။ စိုက်ပျိုးခဲ့တဲ့ ပျိုးပင်များကိုတော့ ကေအိုင်အို စိုက်ပျိုးရေးဌာနမှ ပေးအပ်ခြင်းဖြစ်ကာ သစ်ပင်အမျိုးအစားပေါင်း ၁၂ မျိုးပါဝင်ပြီး အပင်ပေါင်း ငါးရာနီးပါး စိုက်ပျိုးခဲ့တာလည်း ဖြစ်ပါတယ်။ ယခုလို ပတ်ဝန်းကျင်စိမ်းလန်းစိုပြေဖို့ နောင်ရာပါဂေါက်ကွင်းအတွင်း စိုက်ပျိုးရာတွင် K.I.O ဗဟိုကော်မတီ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်များ၊ ဂေါက်ကွင်းကော်မတီ၊ ကေအိုင်အိုစီစီ၊ သစ်တောထိန်းသိမ်းရေးအဖွဲ့၊ စိုက်ပျိုးမွေးမြူရေးအဖွဲ့၊ Zai […]