ကချင်လူမျိုးတွေရဲ့ ရပိုင်ခွင့်အပြည့်အဝ ရရှိရေးအတွက် မဆုတ်မနစ် အသက်ပေးကြိုးပမ်းခဲ့ကြတဲ့ သူရဲကောင်းများကို သတိရအောင့်မေ့ခြင်းအားဖြင့် ကချင်အာဇာနည်နေ့ အခမ်းအနားကို ဩဂုတ်လ ၁၀ ရက်နေ့က လိုင်ဇာမြို့မှာ ပြုလုပ်ခဲ့ပါတယ်။ ကေအိုင်အို ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လရဲ့ အာဇာနည်နေ့မိန့်ခွန်းကိုတော့ ဒုတိယ ဥက္ကဌ (၁) ဗိုလ်ချုပ်ကြီး ဂွန်တန် ဂမ်ရှောင် ကဖတ်ကြားခဲ့ပါတယ်။ ကချင်လူမျိုးတွေကို နယ်ချဲ့ကိုလိုနီစိတ်ရှိတဲ့ စစ်အစိုးရက လွတ်လပ်ရေးရပြီးနောက်ပိုင်း ခေတ်အဆက်ဆက် ဖိနှိပ်အုပ်ချုပ်ခဲ့မှုမှ လွတ်မြောက်ရေးနဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်အပြည့်အဝ ပြန်လည်ရရှိဖို့ တော်လှန်ရေးလုပ်ဆောင်စဉ် အသက်ပေးသွားခဲ့တဲ့ ပြည်သူများနဲ့ တော်လှန်ရေးတပ်သားများအားလုံးကို သတိရအောက်မေ့ ချီးမြင့်တဲ့နေရပ်ဖြစ်ပါတယ်။ လိုလာတောင့်တတဲ့ နိုင်ငံရေးပန်းတိုင်ကို မျှော်ကြည့်ရင်း အသက်ဆုံးသည့်တိုင် ကြိုးစားအားထုတ်ခဲ့ကြတဲ့ အာဇာနည်သူရဲကောင်းများကို အများပြည်သူနဲ့ တော်လှန်ရေးတပ်သားများအနေဖြင့် အမြဲတစေသတိရနေခြင်း၊ ချီးမြင့်ခြင်း၊ အတုယူခြင်းများ ပြုလုပ်ပြီး တိုင်းပြည်နဲ့ လူမျိုး […]
Tag: ကချင်အာဇာနည်နေ့
ကချင်အာဇာနည်နေ့ အခမ်းအနား ပုံစံမျိုးစုံဖြင့် ကျင်းပမည်
ကိုဗစ်-၁၉ ရောဂါနှိမ်နှင်းရေးကော်မတီရဲ့ သတ်မှတ်ချက်များနဲ့အညီ ကချင်အာဇာနည်နေ့ အခမ်းအနားကို ကေအိုင်အိုဌာနချုပ်အနေဖြင့် ဩဂုတ်လ ၁၀ ရက်နေ့က ပြုလုပ်သွားဖို့ ရှိပါတယ်။ ကပ်ရောဂါဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်အရ လူစုလူဝေးမပြုလုပ်ဖို့ဆိုထားတာကြောင့် အများပြည်သူ၊ ဌာနတာဝန်ရှိသူများ စုပေါင်းလုပ်ဆောင်မည့် ကျေးရွာ၊ စစ်ဘေးရှောင်စခန်းများ၊ ဌာနဆိုင်ရာတွေမှာ အခမ်းအနားပြုလုပ်ခြင်းမလုပ်ပဲ အာဇာနည်နေ့အခမ်းအနား မိန့်ခွန်းကိုတော့ Laiza TV နဲ့ Laiza FM တို့မှတစ်ဆင့် ထုတ်လွင့်မှုကိုသာ နားဆင်ရမှာဖြစ်ပါတယ်။ လူဦးရေ (၅၀) ထက်မပိုတဲ့ အများပြည်သူစုဝေးနိုင်တဲ့ ကျေးရွာနဲ့ စာသင်ကျောင်းများ၊ ရှေ့တန်းစခန်းရှိတာဝန်ထမ်းဆောင်နေသူများကတော့ အာဇာနည်နေ့အခမ်းအနားကို လုပ်ဆောင်သွားမှာဖြစ်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများဖြင့် လူတစ်ဦးနဲ့တစ်ဦး ၆ ပေအကွာဖြင့် ကျင်းပသွားကြဖို့ ညွန်ကြားထားပါတယ်။ နှစ်စဉ်နှစ်တိုင်း ပြုလုပ်နေတဲ့ ကချင်အာဇာနည်နေ့အခမ်းအနားကို ယခုနှစ်မှာတော့ ကိုဗစ်-၁၉ ရောဂါကြောင့် လူဦးရေးများစွာဖြင့် […]