လိုင်ဇာမြို့အတွင်းရှိ အများပြည်သူ အနားယူအပန်းဖြေရာနေရာများတွင် အမှိုက်သရိုက်များ အလွယ်တကူ စွန့်ပစ်ခြင်းမဖြစ်စေရန်နဲ့ နှောင်အခါတွင် ပိုမိုသန်ရှင်းသောနေရာဖြစ်စေရန်ရည်ရွယ်ပြီး Serve to Nature Group စေတနာ့ဝန်ထမ်းလူငယ်များမှ အောက်တိုဘာလ ၁၇ မနက်ပိုင်းတွင် အမှိုက်သရိုက်ကောက်ခြင်းကန်ပိန်းကို ပြုလုပ်ခဲ့ပါတယ်။
မြို့တွင်းမှာရှိတဲ့ အပန်းဖြေနေရာများတွင် သန့်ရှင်းသာယာလှပဖို့ ရည်ရွယ်ပြီး စိတ်ပါဝင်စားသူ လူငယ်များအနေဖြင့်လည်း တစ်ပတ်တစ်ကြိမ်နှုန်းဖြင့် အမှိုက်လိုက်လံကောက်ခံမှုတွေ ပြုလုပ်သွားဖို့ရှိနေတာပါ။
မြို့တော်သာယာလှပဖို့ ပြည်သူတစ်ဦးတစ်ယောက်စီတိုင်းတွင် တာဝန်ကိုယ်စီရှိတာကြောင့် အမှိုက်သရိုက်များကို စနစ်တကျသေချာစွာ စွန့်ပစ်ဖို့လည်း လိုအပ်နေပါတယ်။