နေ့စဉ်နေ့တိုင်း ဗုံးကြဲတိုက်ခိုက်တဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ ရဟတ်ယာဉ်တစ်စီး KIA ပစ်ချနိုင်ခဲ့

ကေအိုင်အေဌာနချုပ် တပ်မဟာ (၅) နယ်မြေဘက် အလော့ဘွမ်တောင်ခြေ၊ ဆလော်ကုန်း (တာဝါတိုင်) ဘက် အာဏာသိမ်းစစ်ကောင်စီမှ လေကြောင်းဖြင့် ယနေ့မနက်ပိုင်းတွင် လာရောက်တိုက်ခိုက်ခဲ့ချိန် KIA တပ်မှ ရဟတ်ယာဉ်တစ်စီးကို ပြန်လည်တိုက်ခိုက် ပစ်ချနိုင်ခဲ့ကြောင်း အတည်ပြုပါတယ်။ ယနေ့မနက် ဂျက်တိုက်လေယာဉ်၊ ရဟတ်ယာဉ်ဖြင့် စစ်ကောင်စီတပ်မှ လာရောက်ဗုံးကြဲတိုက်ခိုက်စဉ် KIA တပ်မှ ပစ်ခတ်လိုက်တဲ့ ရဟတ်ယာဉ်တစ်စီးက ကုန်းလောနဲ့ စီဟတ်ကျေးရွာကြားရှိ လယ်ကွင်းအနီးတွင် ကျရောက်ပေါက်ကွဲသွားခဲ့ကာ အနီးနားရှိ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများကပြောဆိုနေကြကာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ သေဆုံးမှုလည်း ရှိနေကြောင်း သိရပါတယ်။ စစ်ကောင်စီတပ်များအနေဖြင့် အလော့ဘွမ်တပ်စခန်းနဲ့ ဆလော်ကုန်းကို မြေပြင်ထိုးစစ်၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းအပြင် တိုက်လေယာဉ် ရဟတ်ယာဉ်များဖြင့် ဧပြီ ၂၄ ရက်နေ့ကတည်းက တကျော့ပြန် အပြင်းအထန်တိုက်ခိုက်လာခဲ့တာဖြစ်ပြီး […]

ကေအိုင်အေတပ်မှ စစ်ကောင်စီရဲ့ စစ်သုံးရဟတ်ယာဉ်တစ်စီးပစ်ချ ဖားကန့်လမ်းတွင်တိုက်ပွဲဖြစ်ပွား

ဖားကန့်-မြစ်ကြီးနားလမ်းပေါ်ရှိ ကျောက်ထုနဲ့ မအူပင်ကျေးရွာအနီး ကေအိုင်အေတပ်မဟာ (၉) တပ်ရင်း (၄၄) အဖွဲ့နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ကြား ယနေ့ မေ ၃ ရက် မနက် ၁၀ နာရီအချိန်ခန့်တွင် နှစ်ဖက်ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ စစ်ကောင်စီတပ်များအနေဖြင့် ကားမိုင်းမြို့ကနေ စစ်ရေးလှုပ်ရှားလာစဉ် ကေအိုင်အေတပ်ဘက်မှ ကြားဖြတ်စောင့်ကြို တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိုအချိန်တွင် နန့်ယားကျေးရွာတွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ကြောင်း ရှေ့တန်းစခန်းထံမှ သိရပါတယ်။ “နန့်ယားက စစ်ကောင်စီတပ်တွေ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေလုပ်တယ် ပြည်သူတွေထိခိုက်ဒဏ်ရာရရှိတာတော့ မရှိပေမယ့် နန့်ယားဘက်ကနေ စစ်ကူ ၃၈ ယောက် ပို့လိုက်တယ်လို့ကြားတော့ တိုက်ပွဲတွေကတော့ ဆက်ဖြစ်နေအုံးမှာပါ” လို့ ရှေ့တန်းစခန်းရောက်ရှိသူတစ်ဦးကပြောပါတယ်။ အာဏာသိမ်းစစ်ကောင်စီတပ်များက ကေအိုင်အေ တပ်မဟာ (၅) နယ်မြေဘက် ယနေ့ မနက် ၈ […]

စစ်ကောင်စီတပ်များရဲ့ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ တစ်ဦးကျဆုံး အများအပြား ဒဏ်ရာရ

ကမ္ဘာလုံးဆိုင်ရာမြန်မာ့နွေဦးတော်လှန်ရေးနေ့ မေလ ၂ ရက်နေ့တွင် ဖားကန့်မြို့ မှော်ဝမ်းသပိတ် လုံးခင်းသပိတ် ပူပေါင်းပြီး ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ပြည်သူလူထုကို အာဏာသိမ်းစစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့များက အကြမ်းဖက်ဖြိုခွင်းမှုကြောင့် အပြစ်မဲ့ပြည်သူ ကိုဝေဖြိုး (အသက် ၃၃နှစ်) ဦးခေါင်းကျည်ထိမှန် ကျဆုံးသွားကာ ဒဏ်ရာရရှိသူ ၂၀ ဦးထက်မနည်းရှိပြီး ၁၂ ဦး ဖမ်းဆီးခံလိုက်ရကြောင်း သိရပါတယ်။ စစ်ကောင်စီတပ်များက ကျည်စစ်ကျည်မှန်များဖြင့် လက်နက်အလွန်အကျူးသုံးစွဲကာ ဖြိုခွဲခဲ့တာဖြစ်ပြီး ကျဆုံးသွားသူကိုတော့ စစ်ကောင်စီတပ်များ လုယူရန်ကြိုးပမ်းလာခြင်းကြောင့် မိသားစုများရဲ့ ဆန္ဒဖြင့် ချက်ချင်းမီးသင်္ဂြိုလ်လိုက်ကြောင်း သိရပါတယ်။

အမှတ်စဉ် (၇) သတင်းမီဒီယာအခြေခံ သင်တန်းဆင်းပွဲပြုလုပ်ခဲ့

ကေအိုင်အိုအစိုးရ သတင်းနှင့်ပြန်ကြားရေးဌာနမှ ဦးဆောင်ပြီး သင်ကြားပို့ချခဲ့တဲ့ အမှတ်စဉ် (၇) သတင်းမီဒီယာအခြေခံသင်တန်းဆင်းပွဲကို မေလ ၁ ရက်နေ့ ဌာနရှိ ခန်းမတွင် ပြုလုပ်ခဲ့ပါတယ်။ သတင်းမီဒီယာဆိုင်ရာပညာရပ်သင်ကြားပို့ချခြင်းက သတင်းနှင့်ပြန်ကြားရေးဌာနတွင်း လုပ်ငန်းဆောင်တာ ပိုမိုထိရောက်လျှင်မြန်လာစေဖို့ ရည်ရွယ်ပြီး ဝန်ထမ်းသစ်တွေတိုးများလာဖို့ သင်ကြားပေးခြင်းဖြစ်ပါတယ်။ သင်တန်းဆင်းပွဲမှာတော့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး အင်ဖန် နော်ဘူမှ “NID က ကေအိုင်အိုအတွက် တာဝန်ခံပေးတဲ့ သတင်းဌာနဖြစ်ခြင်းကို သိနားလည်ပြီး သတင်းနှင့်ပြန်ကြားရေးဌာနမှာ တာဝန်သိတတ်စွာ လုပ်ဆောင်ရမှာဖြစ်ပါတယ်” လို့ ယနေ့သင်တန်းဆင်းပွဲတွင် ပြောကြားခဲ့ပါတယ်။ တော်လှန်ရေးကာလတွင် လုပ်ဆောင်တာဖြစ်ခြင်းကြောင့် အခက်အခဲများကို သီးခံကာ လုပ်ငန်းဆောင်တာများကို စိတ်စေတနာအပြည့်ဖြင့် ခိုင်မာမှန်ကန်တဲ့ သတင်းများကို ထုတ်လွင့်သွားနိုင်အောင် ကြိုးစားပြီး မီဒီယာကဏ္ဍန် တိုးတက်ဖို့နဲ့ လူမျိုးအတွက် အကျိုးရှိတဲ့ ဝန်ထမ်းများဖြစ်လာပါစေကြောင်း ထပ်မံပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ဗိုလ်မှူးကြီး […]

အပစ်အခတ်ရပ်စဲထားမယ်လို့ကြေညာပေမယ့် စစ်ကောင်စီတပ်မှ ကေအိုင်အေနယ်မြေဘက် ထိုးစစ်အပြင်းအထန်ပြုလုပ်

တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲခြင်းကို မေလတစ်လလုံးသတ်မှတ်ထားတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်အနေဖြင့် KIA နယ်မြေဘက်ကို ဧပြီ ၁၂ ရက်နေ့ကစတင်ပြီး မြေပြင် ဝေဟင်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေတာ ယနေ့ မေလ ၁ ရက်နေ့မှာလည်း တိုက်ပွဲများပြင်းထန်နေဆဲပဲ ဖြစ်ပါတယ်။ ယနေ့မေလ ၁ ရက်နေ့မှာ အာဏာသိမ်းစစ်ကောင်စီတပ်အနေဖြင့် ဂျက်တိုက်လေယာဉ်များဖြင့် မြို့သစ်၊ ကုန်းလော၊ နွမ်လန် လမ်းပိုင်းဘက် ဗုံးကြဲတိုက်ခိုက်တာတွေလုပ်ဆောင်ခဲ့ကာ မိုးမောက်မြို့တွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးများဖြင့် တရစပ်ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အာဏာသိမ်းစစ်ကောင်စီတပ်များအနေဖြင့် စစ်အင်အားတိုးချဲ့ကာ ကေအိုင်အေ တပ်မဟာ (၅) ဌာနချုပ်နယ်မြေ ဆလော်ကုန်း (ဆက်သွယ်ရေးတာဝါတိုင်) အနီးတဝိုက်တွင် ဧပြီ ၃၀ ရက်နေ့တွင်လည်း ကေအိုင်အေတပ်နဲ့ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲပြင်းထန်ခဲ့ကာ စစ်ကောင်စီဘက်မှ ဂျက်တိုက်လေယာဉ် နှစ်စီးဖြင့် ၆ ကြိမ်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကာ KIA […]