၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူများရွေးချယ်တင်မြောက်ထားတဲ့ အနိုင်ရ လွတ်တော်အမတ်များဖြင့် ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH မှ ဧပြီ ၁၆ ရက်နေ့တွက် ထုတ်ပြန်ကြေညာခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို အာဏာသိမ်းစစ်ကောင်စီမှ မတရားအသင်းအဖြစ် ယနေ့ည မြန်မာ့အသံနဲ့ရုပ်မြင်သံကြားကနေ ကြိမ်ဖန်များစွာ စာသားရေးထိုးပြီး ကြေညာခဲ့ပါတယ်။

ထို့အပြင် အာဏာသိမ်းစစ်ကောင်စီက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို မတရားအသင်းအဖြစ် မတ်လ ၂၁ ရက်နေ့တွင် ကြေညာထားမှုရှိခဲ့ကာ CRPH အနေဖြင့်လည်း စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားထားတာပါ။