Namrim ရွာမှ ကချင်လူငယ်တစ်ဦး ဓားဖြင့်ခုတ်သတ်ဖြတ်ခံရ

ရှမ်းပြည်မြောက်ပိုင်းဒေသမှ ကချင်လူငယ်တစ်ဦးသည် နိုဝင်ဘာလ ၂၈  ညသန်းခေါင်ယံ ၂ နာရီ ခန့်တွင် ကွတ်ခိုင် ဂါလိလဲ ၈ ရပ်ကွက် ကားလမ်းမပေါ်တွင် ဓားဖြင့်ခုတ်သတ်ခံရကြောင်း သိရှိရပါတယ်။

သေဆုံးသွားသူမှာ Namrim  ကျေးရွာမှ ဇခုန်လွမ်းခေါင်နှင့် ဇနီးတန်ဘောင်ဇောင်နန်ရဲ့သား ဇခုန်‌ဆိုင်းလီ အသက်(၂၀) ဖြစ်ပြီး သူငယ်ချင်းနှစ်ယောက်နှင့် ဆိုင်ကယ်တစီးစီ စီးကာ ကွတ်ခိုင်မြို့ဘက် ပစ္စည်းများဝယ်ပြီး အပြန်လမ်းတွင် အမည်မသိ လူ ၃ ဦးမှဓ ားများဖြင့် လိုက်လံခုတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုးသွင်းဒဏ်ရာ နက်သွားသောကြောင့် အသက်သေဆုံးသွားကြောင်း ဒေသခံပြည်သူများကပြောပါတယ်။

သေဆုံးသူရဲ့ သူငယ်ချင်းနှစ်ယောက်မှာ ဒဏ်ရာရခဲ့ခြင်းမရှိပေမယ့် အနောက်ကျောဘတ်မှကျော်တက်လာကာ ဓားဖြင့်ခုတ်လိုက်သောကြောင့် ဇခုန်ဆိုင်းလီရဲ့လည်ပင်းနှင့် ခေါင်းတွင်ဓားချက်ထိမှုမှာပြင်းထန်မှုဖြစ်ကာ အသက်သေဆုံးခြင်းဖြစ်ရကြောင်း သိရပါတယ်။

သေဆုံးသွားတဲ့ လူငယ်လေးမှာ မည်သည့်ပြဿနာမှမရှိပဲ  ရွာမှာသာနေပြီး ပစ္စည်းသယ်ရန်မြို့သို့ရောက်လာစဉ် မမျှော်လင့် မသမာသူများနဲ့ကြုံတွေ့ခဲ့ရကြောင်း၊ ဇခုန်ဆိုင်းလီ၏ ရုပ်ကလာပ်ကို နိုဝင်ဘာလ ၂၉ ရက်နေ့တွင် သဂြိုလ်လိုက်ပြီဖြစ်ပြီး ဒီလူသတ်မှုနှင့်ပတ်သက်ပြီး မိသားစုဝင်များက မြန်မာအစိုးရရဲတပ်ဖွဲ့ထံသို့ အမှုဖွင့်ထားပြီဖြစ်ကြပါတယ်။

မည်သည့်အပြစ်မှမရှိသော လူငယ်များကို မြို့ကြီးအတွင်း ယခုလိုဖြစ်ပွားခြင်းမှာ ပြည်သူများရဲ့ လုံခြုံမှုမရှိခြင်း၊ စိုးရိမ်စရာများဖြစ်လာကြောင်းကို ကွက်ခိုင်မြို့တွင်းဒေသခံများကပြောနေကြပါတယ်။

Leave a Reply

*