ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် တပ်စွဲထားသော MNDAA တပ်စခန်းကို နိုဝင်ဘာ ၁၅ ရက် ယနေ့ နေ့လည် ၁၂ နာရီခန့်တွင် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါ ကိုးကန့်တပ်မတော် (MNDAA) တပ်စခန်းမှာ ဖောင်းဆိုင် ဆုတောင်းတောင်အနီး အခိုင်အမာ အခြေစိုက်ထားသောကြောင့် စစ်ကောင်စီတပ်များ အင်အားအလုံအရင်းဖြင့် ၁နာရီခန့်ကြာအောင် တိုက်ခိုက်ခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ကြောင်း သိရပါတယ်။
ထို့အပြင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သော စစ်ကောင်စီတပ်တို့မှ အကျအရှုံးအထိအခိုက်များခဲ့ကြောင်းကို သိရသော်လည်း နှစ်ဖက် ထိခိုက်ကျရှုံးမှု အတိအကျကို မသိရသေးပေ။