Kuthkai Jauman Shiga အမည်ဖြင့် ရှမ်းပြည်မြောက်ပိုင်းရှိ ဒေသတွင်းသတင်းများကို တင်ဆက်ဖော်ပြသွားဖို့ အစပြုခြင်းကို အောက်တိုဘာ (၃) ရက်နေ့က ဆုတောင်းခြင်းဖြင့် အစပြုခဲ့ပါတယ်။

ဒီသတင်းဌာနကို ရှမ်းပြည်မြောက်ပိုင်းဒေသရှိ လူငယ်များဦးဆောင်ပြီး တည်ထောင်ခဲ့ခြင်းဖြစ်ကာ ဗီဒီယိုရုပ်သံသတင်းအနေဖြင့် အွန်းလိုင်းစာမျက်နှာကနေ တင်ဆက်သွားဖို့ရှိနေသလို မှန်ကန်တဲ့သတင်းရင်းမြစ်တွေကို သိရှိနိုင်စေဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ ပါဝင်သူတစ်ဦးကပြောပါတယ်။
လက်ရှိမှာတော့ လူငယ်အချို့ကို သတင်းရှာဖွေခြင်း၊ သတင်းတင်ဆက်ခြင်းနဲ့ ရိုက်ကူးရေးလုပ်ငန်းစဉ်များကို သင်ကြားပို့ချပေးနေပြီဖြစ်ကာ လုပ်ငန်းကိုလည်း အစပြုလာနိုင်ပြီလို့ ဆက်ပြောပါတယ်။
“လူငယ်တွေကို သင်ကြားပေးခြင်းတွေ လုပ်ဆောင်နေပါပြီ၊ သင်ယူရင်း လုပ်ငန်းကို အစပြုနေပါပြီ” လို့ သူကပြောပါတယ်။
Kuthkai Jauman Shiga ကို ဖေ့ဘွတ်စ်စာမျက်နှာဖွင့်ပြီး စတင်နေပြီဖြစ်ကာ တရားဝင်ဖြစ်လာဖို့ကြိုးစားလုပ်ဆောင်နေပါတယ်။