KIA, MNDAA ပူးပေါင်းတပ်နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့

ကချင်ပြည်နယ်အတွင်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကေအိုင်အေကြား တိုက်ပွဲဖြစ်ပွားနေတဲ့အပြင် ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့နယ်၊ မိုင်းယော်ကျေးရွာ လွယ်ဂျက်တောင်တွင် ယမန်နေ့ ဖေဖော်ဝါရီ ၇ ရက်နေ့ မနက် ၉ နာရီခန့်တွင် KIA, MNDAA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ် တပ်မ (၉၉) မှ စစ်အင်အား ၁၀၀ ဝန်းကျင်ပါဝင်တဲ့ စစ်ကြောင်းက ကေအိုင်အေ နယ်မြေဘက် ထိုးစစ်ဆေင်လာခြင်းကြောင့် KIA, MNDAA ပူးပေါင်းတပ်တို့ ခုခံတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။

နှစ်ဖက်တိုက်ပွဲများဖြစ်ပွားနေချိန် အကြမ်းဖက် စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်လာတာကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေခဲ့ရကြောင်း သိရပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားတဲ့နေရာတိုင်းလိုလိုတွင် လေကြောင်းအသုံးပြုကာ တိုက်လေယဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွေ မဆင်မခြင်လုပ်ဆောင်ခြင်းကြောင့် ဒေသခံများရဲ့ နေအိမ်ပျက်စီးရမှုတွေ၊ အပြစ်မဲ့ပြည်သူ သေဆုံး ထိခိုက်ဒဏ်ရာရရှိမှုတွေ ယနေ့ရက်ပိုင်းအတွင်း ခပ်စိတ်စိတ်ဖြစ်ပေါ်နေပါတယ်။

Leave a Reply

*