KIA ဧဒင်ပို့စ် ဖက်သို့လက်နက်ကြီးများဖြင့်ပစ်ခတ်

မတ်လ ၃ ရက်, ၆း၄၀ နာရီ အချိန် ဘန်ဒါင်သို့ရိက္ခာလာပို့သော ဗမာ့တပ်မတော်စစ်ကြောင်းအား KIA တပ်ရင်း(၁၈) လက်အောက် M.K.M တပ်ဖွဲ့များမှ ဆီးကြိုတိုက်ခိုက်ခြင်းကြောင့် အင်းတပ်တောင်တွင်တပ်စွဲထားသောဗမာ့တပ်မတော်မှလည်း KIA တပ်ရင်းရှိရာ ဧဒင်ပို့စ် ဖက်သို့လက်နက်ကြီးများဖြင့်ပြန်လှန်ပစ်ခတ်ခဲ့ကြောင်းသိရှိရသည်။

မတ်လ ၃ ရက်, ညနေ ၆ နာရီ အချိန်၊ KIA တပ်ရင်း(၂၇)နယ်မြေ၊ လ၀ရန်တွင်တပ်စွဲထားသော ခ.လ.ရ (၂၃၆)တပ်မှ KIA တပ်ရှိရာ မန်ခက်ဖက်သို့ ၆၀မမ ဖြင့် (၂)ကြိမ်တိုင်တိုင်ပစ်ခတ်ခဲ့ကြောင်းနှင့် မဂျီဂုန်တစ်လျှောက်တွင်လည်း  ထောင်ဗုံး(၁)လုံးပေါက်ကွဲခဲ့ခြင်းကြောင့်ဗမာ့တပ်မတော်မှ  ပတ်ဝန်းကျင်တစ်ဝိုက်သို့ MG-42 စက်သေနတ် ဖြင့် (၂)ကြိမ်တိုင်တိုင် တစ်ရစပ်ပစ်ခတ်ခဲ့ကြောင်းသိရှိရသည်။

 

Leave a Reply

*