KIA ဗဟိုဌာနချုပ်နယ်မြေဘက် လေကြောင်းတိုက်ခိုက်မှုတွေ အကြမ်းဖက် စစ်ကောင်စီ ဆက်တိုက်လုပ်ဆောင်လာ

ဒီဇင်ဘာလ ၂၀ ရက်၊ ၂၀၂၂ ခုနှစ်။

အကြမ်းဖက် စစ်ကောင်စီတပ်မှ ကချင်လွတ်လပ်ရေးတပ်မတော် ဗဟိုဌာနချုပ်နယ်မြေဘက် ယခုရက်ပိုင်းအတွင်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွေ ခပ်စိတ်စိတ်လုပ်ဆောင်နေပြီး လက်နက်ကြီးပစ်ခတ်မှုတွေလည်း ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရပါတယ်။

ယနေ့ ဒီဇင်ဘာ ၂၀ ရက်နေ့ မနက် ၁၂ နာရီခန့်တွင် မန်းတလေးမြို့ တံတားဦးလေတပ်စခန်းမှ ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ကေအိုင်အေ ဗဟိုဌာနချုပ်နယ်မြေဖြစ်တဲ့ ဆိုင်းမိုင်ပါကျေးရွာအနီးဝန်းကျင်တွင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

ဒီဇင်ဘာလ ၁၉ ၁၉ ရက်နေ့တွင်လည်း ခရာဘွမ်နဲ့ ဘွမ်ရဲဘွမ်တွင် တပ်စွဲနေရာယူထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေခဲ့ပြီး မုန်လိုင်ခက်ကျေးရွာအနီးနဲ့ ဝှေကြိုင်တောင်တဝိုက် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရပါတယ်။

ထို့အပြင် ဒီဇင်ဘာ ၁၇ ရက်နေ့မနက် ၁ နာရီခန့်တွင်လည်း တံတားဦးလေတပ်စခန်းကနေ ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ဆိုင်းမိုင်ကျေးရွာအနီးဝန်းကျင် ဗုံးကြဲတိုက်ခိုက်ခဲ့ပေမယ့် ထိခိုက်တစ်စုံတစ်ရာမရှိခဲ့ကြောင်း သိရပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုများဖြင့် အရပ်သားများရှိရာကျေးရွာအနီး ကျရောက်ပေါက်ကွဲမှုတွေ ရှိလာတာကြောင့် စိုးရိမ်မှုတွေ တိုးများလာသလို လက်ရှိအချိန်ထိ ခိုက်မှုတော့ မရှိသေးကြောင်း သိရပါတယ်။

Leave a Reply

*