ကေအိုင်အေထိန်းချုပ်နယ်မြေ အရှေ့မြောက်ပိုင်းတိုင်းဌာနချုပ်ရှိ ဘဏ္ဍာရေးဌာန Hkyu Kang Pa တွင် ဧပြီ ၂၇ ရက်နေ့က အမှတ်စဉ် (၁) စာရင်းအင်းသင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့ပါတယ်။
KIA တပ်မဟာ (၇) ဌာနချုပ်တွင် ပြည်သူ့အုပ်ချုပ်ရေးဌာနအဖြစ် တည်ရှိခဲ့တာ ၃ နှစ်ဝန်းကျင်သာ ရှိသေးကာ ကေအိုင်အိုအစိုးရရဲ့ ဘဏ္ဍာရေးဆိုင်ရာနဲ့သက်ဆိုင်ပြီး ဘဏ္ဍာရေးဌာနအနေဖြင့် ပထမဦးဆုံး သင်ကြားပို့ချပေးခြင်းဖြစ်ပါတယ်။
“ဒီသင်တန်းကတော့ အခက်အခဲများစွာကြားထဲကနေ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်တယ်၊ ကေအိုင်အိုအစိုးရ ဘဏ္ဍာရေးဌာနအတွင်းမှာ စာရင်းဇယားများကို လုပ်ဆောင်နိုင်ဖို့ ဘဏ္ဍာရေးဌာနကနေ သင်တန်းပို့ချပေးခြင်းဖြစ်ပါတယ်” လို့ အရှေ့မြောက်ပိုင်းတိုင်းဌာနချုပ်ရှိ ဘဏ္ဍာရေးဌာန အတွင်းရေးမှူး ဗိုလ်မှူး လလောဒ့် နော်ဂျာ ကပြောပါတယ်။
ဒီစာရင်းအင်းသင်တန်းကိုတော့ မတ်လ ၉ ရက်နေ့ကနေစတင်ခဲ့တာဖြစ်ပြီး ဧပြီ ၂၇ ရက်နေ့အထိ သင်ကြားပို့ချပေးခဲ့ကာ သင်တန်းဆင်းသူ (၂၈) ဦး ရှိကြောင်း သိရပါတယ်။