KIA တပ်နဲ့ စစ်ကောင်စီတပ်ကြား ဧပြီ ၂၄ ရက်နေ့က တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့

ကေအိုင်အေ ဗဟိုဌာနချုပ်နယ်မြေ တပ်မဟာ (၅) ဆလော်ကုန်းတွင် ကေအိုင်အေတပ်နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ကြား ဧပြီ ၂၄ ရက်နေ့က တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။

Photo : Bhamo Platform

စစ်ကောင်စီတပ် ခမရ (၃၈၇) တပ်ဖွဲ့မှ ကေအိုင်အေ တပ်စွဲထားရာနေရာ ဆလော်ကုန်း (တာဝါတိုင်) ဘက်ကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခြင်းကြောင့် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ကြောင်း ရှေ့တန်းစခန်းမှ ပြောကြားပါတယ်။

ထိုသို့ တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်များမှ မြို့သစ်တွင် တပ်စွဲထားတဲ့ ခမရ (၃၂၀) တပ်မှ ၆၀-မမ၊ ၈၁-မမ၊ ၁၂၀-မမ စတဲ့လက်နက်ကြီးများဖြင့် ပစ်ခတ်မှုတွေပြုလုပ်ခဲ့ကာ နေ့လည် ၁၂ နာရီခွဲအချိန်မှာတော့ ဂျက်တိုက်လေယာဉ်ဖြင့် တစ်ကြိမ်၊ ၁ နာရီ ၂၀ မိနစ်မှာ တိုက်လေယာဉ် ၂ စီးနဲ့ ရဟတ်ယာဉ် ၂ စီး ဖြင့် လာရောက်ပစ်ခတ် ဗုံးကြဲမှုတွေပြုလုပ်ခဲ့ကာ ၂ နာရီအချိန်မှာလည်း နောက်တစ်ကြိမ်ပြန်လည်လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ယမန်နေ့ည ၄ နာရီအချိန်ခန့်မှာတော့ စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ကေအိုင်အေဌာနချုပ်နယ်မြေ ဂျော်မော်တပ်စခန်းဘက်ကို ဗုံးကြဲတိုက်ခိုက်မှုတွေ လာရောက်လုပ်ဆောင်ခဲ့ကြောင်းလည်း သိရပါတယ်။

ထို့ပြင် ဧပြီ ၂၄ ညနေ ၃ နာရီခွဲအချိန်တွင် ဗန်းမော်မြို့နယ် နမ့်ဖာတံတားအနီးတွင် ကေအိုင်အေတပ်နဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်ပွားခဲ့ကာ ပြည်သူအချို့ထိခိုက်ဒဏ်ရာရရှိတာတွေလည်း ရှိခဲ့ပါတယ်။

ယနေ့မနက်ပိုင်းတွင်လည်း စစ်ကကောင်စီတပ်များက မြို့သစ်နဲ့ကုန်းလောတောင်ခြေဘက်ကို လက်နက်ကြီးများဖြစ်ပစ်ခတ်ခဲ့သလို လေယာဉ်ဖြင့် ဗုံးကြဲမှုတွေလည်း လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

Leave a Reply

*