Kasen Bum (ကသိုဏ်းတောင်) တွင် သတ္တုတူးဖော်ရေးလုပ်ဆောင်မည့်အရေးကို ဒေသခံများမလိုလား

ဖားကန့်ဒေသရှိ Kasen Bum (ကသိုဏ်းတောင်)တွင် အစိုးရအနေဖြင့် သတ္တုတူးဖော်ခြင်းပြုလုပ်ဖို့ စီမံထားမှုကို ဒေသခံများက ကန့်ကွက်ဆန့်ကျင်ကြပါတယ်။

ကသိုဏ်းတောင်က ဌာနေကချင်လူမျိုးများရဲ့ သမိုင်းကြောင်းအရအရေးပါတန်ဖိုးထားတဲ့ နေရာဖြစ်တာကြောင့် သတ္တုတူးဖော်ခြင်းက သမိုင်းဝင်နေရာကို ဖျက်လိုဖျက်ဆီးခြင်းဖြစ်တာကြောင့် စီမံကိန်းကို မလိုလားကြတာပါ။

“Kasen Bum (ကသိုဏ်းတောင်) က ကျနော်တို့ ကချင်လူမျိုးများရဲ့ သမိုင်းဝင်အမွေအနှစ်နေရာဖြစ်တယ်၊ ဖားကန့်ဒေသမှာ လုပ်ငန်းရှင်တိုင်းက ကျောက်စိမ်းတော့ထုတ်ယူသွားပြီး ဒေသအတွက် တစ်ခုတစ်လေမျှလုပ်ဆောင်ပေးထားခြင်းမရှိပါဘူး၊ အခုဒီတောင်ကိုလည်း တူးဖော်မယ်ဆိုတော့ မဖြစ်ဘူးလေ၊ အဲ့ဒါကြောင့် ထိတောင်မထိစေချင်ဘူး ဆက်လက်ပြီးတော့ ကန့်ကွက်သွားမှာပါ” လို့ ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်း အတွင်းရေးမှူး ဒါ့ရှီနော်လောန်ကပြောပါတယ်။

ဌာနေတိုင်းရင်းသား ကချင်လူမျိုးများရဲ့ ယဉ်ကျေးမှုဆိုင်ရာအမွေအနှစ်ဖြစ်တဲ့ ကသိုဏ်းတောင်တူးဖော်ရေးကို မလိုလားကန့်ကွက်သောအနေဖြင့် ဖားကန့်ဒေသရှိ လူမှုအဖွဲ့အစည်း ၆ ဖွဲ့ပါဝင်ပြီး ကချင်လူမှုအဖွဲ့အစည်းများပူးပေါင်းကော်မတီကို ဖွဲ့စည်းကာ အစိုးရရဲ့ သတ္တုတူးဖော်ရေးစီမံကိန်းကို ပြန်လည်ရုပ်သိမ်းဖို့ ဇန်နဝါရီ ၂၆ ရက်နေ့က သဘောထားထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

Leave a Reply

*