ကေအိုင်အိုထိန်းချုပ်နယ်မြေ အရှေ့ပိုင်းဒေသ မိုင်ဂျာယန်မြို့တွင် ဖွင့်လှစ်ထားတဲ့ Institute of Liberal Arst and Seince (ILAS) ကျောင်းတွင် သိပ္ပံဘာသာရပ်ဆိုင်ရာပြပွဲကို ဇန်နဝါရီ ၂၂ ရက်နေ့နဲ့ ၂၃ ရက်အဖြစ် ၂ ရက်သာပြုလုပ်နေပါတယ်။
အာကာသထဲသို့ လို့အမည်ပေးထားတဲ့ ဒီသိပ္ပံပညာရပ်ဆိုင်ရာပြပွဲကို ILAS ကျောင်းသားများ တီထွင်ဖန်တီးထားတဲ့ ပရောဂျက် (၃၀) ကျော်ကို ပြသထားတာပဲ ဖြစ်ပါတယ်။
ယခုလိုပြပွဲလုပ်ဆောင်ခြင်းက ကချင်လူမျိုးများအနေဖြင့် သိပ္ပံပညာရပ်တွင် နောက်ကောက်ကျနေမှုကြောင့် ကေအိုင်အိုအစိုးရရဲ့ ပညာရေးရင်းမြစ်အဖြစ် ဖွင့်လှစ်ထားတဲ့ မိုင်ဂျာယန် Institute of Liberal Arst and Seince (ILAS) ကျောင်းရှိ ကျောင်းသားလူငယ်များကို သိပ္ပံဘာသာရပ်သင်ကြားပေးနေသလို ကချင်လူငယ်များအနေဖြင့်လည်း လက်ရှိအသုံးပြုနေတဲ့ပစ္စည်းများကို ပြန်လည်ဖန်တီးသွားနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ကျောင်းတွင်သင်ကြားပေးနေတဲ့ ဆရာမ Lanyem Ja Ram ကပြောပါတယ်။
သိပ္ပံပညာပြပွဲကို ၂၀၁၉ ခုနှစ်က “သိပ္ပံပညာဖြင့်နိုင်ငံတည်ဆောက်ကြစို့” ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့ကာ ယခုအကြိမ်ကတော့ ဒုတိယအကြိမ်အဖြစ် “အာကာသထဲသို့” ခေါင်းစဉ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး စိုက်ပျိုးရေး၊ ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့လူနေမှု၊ လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်ပေါ်မူတည်ပြီး ကျန်းမာရေးဆိုင်ရာများကို ပြသထားတာပဲဖြစ်ပါတယ်။
ဒါ့အပြင် မိုင်ဂျာယန်မြို့ရှိ တက္ကသိုလ်ကျောင်းတိုင်းတွင် သိပ္ပံဘာသာရပ်ကို သင်ကြားပို့ချသွားဖို့ရှိကာ ယခုလို ပြပွဲများကိုလည်း ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး နိုင်ငံတွင်းရှိ ကချင်လူငယ်များအနေဖြင့် ပိုမိုကြီးမားကျယ်ပြန့်တဲ့ပြပွဲတွေဖြစ်ပေါ်လာဖို့လည်း တိုက်တွန်းကာ အကောင်အထည်ဖော်လုပ်ဆောင်သွားဖို့လည်း စီမံထားပါတယ်။