Htoi Gender အဖွဲ့မှ ကျား/မခွဲခြားဆက်ဆံမှုနှင့်ပက်သက်၍ အွန်လိုင်းဆွေးနွေးပွဲကို အောက်တိုဘာလ ၂၁ ရက်နေ့မှစ၍ ပြုလုပ်နေကြောင်းသိရှိရပါတယ်။
ဒီအွန်လိုင်းဆွေးနွေးပွဲကို အောက်တိုဘာလ ၂၃ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပြီး ကချင်ပြည်နယ်မှ အိမ်ထောင်စုများအတွင်း ကျား-မ အခြေပြုအကြမ်းဖက်မှုဆိုင်ရာအကြောင်းအရာများနှင့် အမျိုးသမီးများအား ခွဲခြားဆက်ဆံမှုအားလုံး ပပျောက်ရေးအတွက်ရည်ရွယ်ပြီး ပြုလုပ်ခြင်းဖြစ်ပါတယ်။
“Covid-19 ကာလဖြစ်နေတာကြောင့် အွန်လိုင်းမှပြလုပ်ခြင်းဖြစ်ပါတယ်။ ကျတော်တို့လူငယ်တွေကြားမှာ ကျား-မ ခွဲခြားပြီး ဖြစ်ပေါ်လာတဲ့ပြဿနာများကို
ဥပဒေရှုထောင့်ကနေမြင်တတ်လာအောင်၊ ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာဖြစ်ခဲ့ရင်လဲ ဘယ်လိုဖြေရှင်းရမလဲဆိုတာကိုသိအောင် ရည်ရွယ်ပါတယ်” လို့ Htoi Gender အဖွဲ့ ဝင် ဆရာဆွတ်ထွယ်အောင် ကပြောပါတယ်။
ဒီပွဲမှာ ကချင်ပြည်နယ်ရှိ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဖားကန့်မြို့များရှိ အသက် ၁၈ နှစ်နဲ့ ၃၀ ကြား လူငယ်တွေနဲ့ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသော လူငယ်များလည်း ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။၊