Htoi Gender အဖွဲ့အစည်းမှ အောင်မြင်သာကျေးရွာ၊ ကျိန်ခရန်ကျေးရွာရှိ အိမ်ထောင်စု (၁၀၀)၊ မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်ရှိ အိမ်ထောင်စု (၉၀)၊ နောင်ပုံကျေးရွာရှိ အိမ်ထောင်စု (၁၀၀)နဲ့ ကြက်ပေါက်ခြံ အိမ်ထောင်စု (၂၅) စုစုပေါင်း အိမ်ထောင်စု (၃၀၀) ကို စားသောက်ကုန်များ ထောက်ပံ့ခဲ့ပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စားဝတ်နေရေးခက်ခဲနေတဲ့ ဒေသများရှိ မိသားစုများ၊ အမျိုးသမီးဦးဆောင်သောအိမ်ထောင်, မိဘမဲ့, မသန်စွမ်းရှိသောအိမ်ထောင်နှင့် ခက်ခဲသော အိမ်ထောင်စုများကို ဆန်၊ ဆီ၊ ကုလားပဲများကို သွားရောက် ထောက်ပံ့ခဲ့သလို Covid-19ကာကွယ်ရေး အသိပညာပေး ပို့စတာများ ကျား၊ မ အခြေပြုအကြမ်းဖက်မှုကာကွယ်ရေး အသိပညာပေး ပို့စတာများနှင့် လူကုန်ကူးမှုတားဆီးရေးအသိပညာပေး ပို့စတာများကို မျှဝေခဲ့ကြပါတယ်။
“အခုအချိန်က အလုပ်လုပ်ကိုင်ဖို့ ဘာအလုပ်မှမရှိတဲ့အချိန် အားလုံးက အခက်တွေ့နေတော့ သူတို့ကိုလည်း သတိရနေတာကြောင့် အခက်အခဲအနည်းငယ်လောက်မျှ လျော့ပေါ့လာစေဖို့ သွားရောက်ကူညီခြင်းဖြစ်ပါတယ်၊ မိသားစုထဲမှာ အမျိုးသမီးများ အကြမ်းဖက်မှုတွေ လျော့ကျလာဖို့ လူကုန်ကူးမှုတွေ မရှိလာဖို့လည်း အသိပညာပေး အမြင့်ဖွင့်တာတွေလည်း လုပ်ဆောင်ခဲ့ပါတယ်” လို့ Htoi Gender အဖွဲ့ဝင် ဆရာမ ခေါဆောင် ကပြောပါတယ်။
Htoi Gender အဖွဲ့အနေဖြင့် မြစ်ကြီးနားမြို့ ဝိုင်းမော်ဒေသရှိ စစ်ဘေးရှောင်များ၊ ကျေးရွာများ၊ အသွားအလာကန့်သတ်စောင့်ကြည့်ရေးနေရာများကို အစားအသောက်၊ ဆေးဝါးများကို အကူအညီပေးနေတာဖြစ်ပြီး အခက်အခဲကြုံတွေ့နေရတဲ့ အများပြည်သူများကိုလည်း စဉ်ဆက်မပြတ်ကူညီနေတာဖြစ်ပါတယ်။