Health Care Christian Fellowship မြစ်ကြီးနားအဖွဲ့မှ ကျန်မု မူးယစ်ဆေးဝါးဖျက်နေရာကို ဆေးဝါးကူညီ

မြစ်ကြီးနားမြို့ရှိ ကျန်မု မူးယစ်ဆေးဝါးဖျက်နေရာကို ဩဂုတ်လ ၂ ရက်နေ့က Health Care Christian Fellowship မြစ်ကြီးနားအဖွဲ့က ကျန်းမာရေးဆိုင်ရာအတွက် ဆေးဝါးတွေ ထောက်ပံ့ကူညီခဲ့ကြောင်း သိရှိရပါတယ်။ ဆေးဝါးများကတော့ မူးယစ်ဆေးဝါးဖျက်စဉ်ကာလအတွင်း ဖြစ်တတ်တဲ့နာကျင်မှုတွေကို ကုသရာမှာ အသုံးဝင်စေတဲ့ဆေးဝါးများကို အဓိကထား ထောက်ပံ့ခဲ့ခြင်းဖြစ်ပါတယ်။

“မူးယစ်ဆေးဝါးဖျက်နေတာဖြစ်တာကြောင့် ကိုယ်ခန္ဓာမှာ ပွန်းပဲ့တာတွေ၊ အရေပြားပေါ်မှာ အနာဖြစ်တတ်တာတွေ၊ ခန္ဓာကိုယ်နာကျင်မှုတွေ၊ ချောင်းဆိုးတာ၊ နှာရည်ယိုတာ စတဲ့ရောဂါတွေ ပျောက်စေမယ့်ဆေးဝါးတွေပါ” လို့ ကျန်မုမူးယစ်ဆေးဝါးဖျက်နေရာရဲ့ ဦးဆောင်သူ ဆရာ Myitung Kyang Bawm ကပြောပါတယ်။

ဆေးဝါးကူညီမှုအပြင် ဒေသခံများကိုလည်း ကိုဗစ်-၁၉ ဆိုင်ရာ ကာကွယ်နည်းအသိပညာပေးမှုများကို ပြုလုပ်ပေးခဲ့တာပါ။ “ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် နေ့တိုင်း ကိုယ်အပူချိန်တိုင်းပေးခြင်းများကို လုပ်ဆောင်ပေမယ့် ဖျာနာလာရင်တော့ ဆေးရုံကြီးကို သွားပြဖို့ အခက်အခဲတွေရှိနေတာ၊ အခုလို ဆေးဝါးတွေကို အခမဲ့လာရောက် ကူညီတဲ့အတွက် ကျေးဇူးတင်ပါတယ်” လို့ဆရာကပြောပါတယ်။

လက်ရှိ ကျန်မု မူးယစ်ဆေးဝါးဖျက်နေရာတွက် ဘိန်းဖျက်ခံနေသူ ၁၉၀ ဦးရှိနေကာ အတန်းပညာမြင့်သူတွေကိုတော့ သာသနာရေးလုပ်ငန်းအတွက် စိတ်ပါဝင်စားသူများကို ကျမ်းစာကျောင်းတက်နိုင်ဖို့ ကူညီဆောင်ရွက်ပေးနေတာပါ။ ဒီနေရာကို ၂၀၁၄ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ ၂၀၂၀ ခုနှစ်အထိ လူပေါင်း ၈ ထောင်နီးပါးလောက်ကို မူးယစ်ဆေးဝါးဖျက်ခြင်း လုပ်ဆောင်ပေးခဲ့ပြီးဖြစ်ပေမယ့် ကျန်မုဒေသမှာ မူးယစ်ဆေးဝါးသုံးစွဲသူ ၈၀ ရာခိုင်နှုန်းရှိနေပါသေးတယ်။

Leave a Reply

*