CRPH ကို စစ်အာဏာသိမ်းအကြမ်းဖက်အုပ်စုက မတရားအသင်းအဖြစ်ကြေညာ

အာဏာသိမ်းစစ်ကောင်စီက ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရအမတ်များဖြင့် ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ ဆက်နွယ်တဲ့အဖွဲ့အစည်းများကို မတ်လ ၂၁ ရက်နေ့ ရက်စွဲဖြင့် မတရားအသင်းအဖြစ် ကြေညာထားမှု ယနေ့ထုတ် ထုတ်ဝေတဲ့ မြန်မာ့အလင်းနေ့စဉ်သတင်းစာနဲ့ကြေးမုံအသင်းစာတွေမှာ ဖော်ပြထားပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖြစ်တည်လာဖို့ တိုက်ပွဲဝင်နေတဲ့ တိုင်ရင်းသားလက်နက်ကိုင်အားလုံးကို အကြမ်းဖက်အုပ်စုနဲ့ မတရားအသင်းအဖြစ် သတ်မှတ်ထားမှုများကို ဖယ်ရှားပေးလိုက်ပြီးဖြစ်ကာ အာဏာသိမ်းစစ်ကောင်စီကိုတော့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ထုတ်ပြန်ကြေညာထားတာပဲဖြစ်ပါတယ်။

၂၀၂၀ ရွေကောက်ပွဲတွင် ပြည်သူလူထုတစ်ရပ်လုံးက ရွေးချယ်ထားတဲ့အနိုင်ရအမတ်များဖြင့် ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက (CRPH) က တရားဝင်အဖွဲ့အစည်းဖြစ်ကာ ပြည်သူလူထုရဲ့ ထောက်ခံမှု၊ လုပ်ပိုင်ခွင့်အာဏာအပြည့်အဝရရှိထားတာပါ။

Leave a Reply

*