Covid-19 Concern and Response Committee Kachin အဖွဲ့မှ ဆွမ်ပရာဘွမ်တဝိုက် အစားအသောက်နှင့်ဆေးဝါးများထောက်ပံ့

ဆွမ်ပရာဘွမ်ဒေသတဝိုက် အတိဒုက္ခရောက်နေရတဲ့ ဒေသခံများကို Covid-19 Concern and Response Committee Kachin အဖွဲ့မှ ဇွန်လ ၂၉ ရက်နေ့က အစားအသောက်နဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်နှိမ်နှင်းရေးပစ္စည်းများကို သွားရောက် ကူညီထောက်ပံ့ခဲ့ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဆွမ်ပရာဘွမ်ဒေသအတွင်းရှိ ခက်ခဲမှုတွေကြုံတွေ့နေရတဲ့ စစ်ဘေးရှောင်ပြည်သူများ၊ ကျေးရွာများမှ ပြည်သူများအတွက် CCRCK ဆွမ်ပရာဘွမ်အဖွဲ့ကို ပံ့ပိုးပေးခဲ့ပါတယ်။ “ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဒေသတွင်းရှိ စားဝတ်နေရေးဒုက္ခရောက်နေရသူတွေ စစ်ဘေးရှောင်နေရသူတွေကို သတိရခြင်းအားဖြင့် အစားအသောက်နဲ့ ရောဂါကို တတ်နိုင်သလောက်ကာကွယ်နိုင်ဖို့ ကူညီခြင်းဖြစ်ပါတယ်” လို့ Covid-19 Concern and Response Committee Kachin အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆရာအင်ခွန်တန်ဂွမ် ကပြောပါတယ်။ CCRCK အနေဖြင့် ကူညီထောက်ပံ့ပေးခဲ့တဲ့ ပစ္စည်းများကတော့ ဆန် (၅)ပြည် ထည့်သွင်းထားတဲ့ အိတ် ၂၀၀၊ ဆီ၊ ဆား၊ ဆပ်ပြာ၊ နှာခေါင်းစည်း၊ လက်ဆေးဂျယ်၊ PPE ဝတ်စုံ၊ လက်ဆေးဆပ်ပြာ၊ အပူချိန်တိုင်ကိရိယာများပါဝင်ကာ ဆွမ်ပရာဘွမ်ဒေသရှိ CCRCK အဖွဲ့မှတစ်ဆင့် ခက်ခဲမှုကြုံတွေ့နေရတဲ့ ပြည်သူများကို ကူညီထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။

Leave a Reply

*