COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာစံချိန်တင်တွေ့ရှိ

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဩဂုတ်လ ၂၅ ရက်နေ့ ညနေ ၈ နာရီခွဲအချိန် ထုတ်ပြန်ချက်အရ COVID-19 ရောဂါ ဓာတ်ခွဲနမူနာ စုစုပေါင်း (၁,၄၇၅)ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ (၃၀) ဦးထပ်တိုးလာပြီး ဒါဟာ လက်ရှိအချိန်ထိ ပမာဏအများဆုံးတွေ့ရှိရတာဖြစ်ပါတယ်။

ဓာတ်ပုံ – MOHS

မြန်မာနိုင်ငံတွင် COVID-19 ဓာတ်ခွဲအတည်ပြု လူနာ (၅၀၄) ဦးရှိသွားပြီဖြစ်ကာ လက်ရှိတွင် စစ်တွေမြို့အပြင် ကျောက်ဖြူ၊ အမ်း၊ တောင်ကုတ်နှင့် သံတွဲမြို့နယ်တို့ကို Stay at Home အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာထားကာ လွန်ခဲ့သော ဩဂုတ်လ (၁၀) ရက်နေ့က ရခိုင်ပြည်နယ်အတွင်းရှိ ရောဂါကူးစက်ဖြစ်ပွားမှုများရှိတဲ့ မြို့နယ်များကို ခရီးသွားလာမှုထားရှိသူများအနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနများနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများဆီကို သတင်းပေးပို့ပြီး ကျန်းမာရေးစစ်ဆေးမှုခံယူကြဖို့လည်း နှိုးဆော်ပန်ကြားထားရပါတယ်။

ပြည်တွင်းကူးစက်မှုအတော်အတန်ကြာအောင် တွေ့ရှိမှုမရှိခြင်းမှ ဩဂုတ်လ ၁၆ ရက်နေ့မှာတော့ တစ်ကျော့ပြန် ပြည်တွင်းကူးစက်မှုတွေ ထပ်မံဖြစ်ပွားလာကာ ကူးစက်မှုအရင်းအမြစ်ကို မသိရှိပဲ ပြန့်ပွားခဲ့ပြီး လက်ရှိအချိန်ထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာစုစုပေါင်း (၁၁၀) ဦးရှိသွားပြီဖြစ်ကာ ဒုတိယလှိုင်းစတင်နေပြီလားလို့ အများက စိုးရိမ်မှုတွေရှိနေကြပါတယ်။

Leave a Reply

*