COVID-19ရောဂါနှိမ်နင်းရေးဗဟိုကော်မတီမှ ချမှတ်ထားသည့်အတိုင်း COVID-19ရောဂါကာကွယ်နှိမ်နင်းရေးနှင့်ပတ်သက်ပြီး ပြည်သူများရဲ့ ကိုဗစ်-၁၉ ရောဂါအပေါ် ရှုမြင်သိရှိနားလည်မှုကို စုဆောင်းခြင်းဖြင့် အောက်တိုဘာ၁၉ ရက်နေ့မှစတင်ပြီး ပြုလုပ်သွားဖို့ ရှိနေပါတယ်။
ဒီစီမံချက်နဲ့သက်ဆိုင်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်နှိမ်နှင်းရေး ဗဟိုကော်မတီမှ အုပ်ချုပ်ရေးအရာရှိ ဦးယော်ဆန့်နဲ့ ဗိုလ်ကြီးဇော်ဂေါင် ကို တာဝန်ယူဦးဆောင်စေပြီး အောက်တိုဘာလ ၁၉ ရက်နေ့မှာတော့ ပါဂျောင်၊ ရှအစ်ယန်၊ ဇင်လွမ်ကျေးရွာ တွင် တွေ့ဆုံပြီး အသိပညာပေးခြင်းနှင့် အမြင်စုဆောင်ခြင်းများကိုပြုလုပ်ခဲ့ပါတယ်။
အောက်တိုဘာ ၂၀ ရက်နေ့ မဂါးရန်စစ်ဘေးရှောင်စခန်းတွင် ဖွင့်လှစ်ထားသော ကျောင်းဆရာများနှင့် စခန်းကော်မတီအဖွဲ့ဝင်များ တွေ့ဆုံပြီး အသိပညာပေးခြင်းနှင့် နှီးနောဖလှယ်ခြင်းကိုပြုလုပ်ခဲ့ကာ ရရှိလာသောအချက်လက်များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်နှိမ်နှင်းရေး ဗဟိုကော်မတီ ထံသို့အပ်မည်ဖြစ်ကြောင်းသိရှိရပါတယ်။
“အများပြည်သူနဲ့ ကျောင်းဆရာများရဲ့အမြင်များတွင် ကျတော်တို့ရဲ့ အမြင်တွေကိုလည်း ပြန်လည်ပေါင်းစပ်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်နှိမ်နှင်းရေး ဗဟိုကော်မတီဆီကို ပေးဖို့သွားဖို့ ဆက်လက်လုပ်ဆောင်သွားမှာပါ” လို့ အုပ်ချုပ်ရေးအရာရှိ ဦးယော်ဆန့်ကပြောပါတယ်။
အမြင်ဖွင့်တွေ့ဆုံဆွေးနွေးမှုတွင် ကိုဗစ်သတ်မှတ်ချက်များနဲ့အညီ အယောက် ငါးဆယ် မကျော်စေပဲ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ခွဲခြားပြီး အမြင်ရယူခဲ့တာဖြစ်ပါတယ်။