လိုင်ဇာမြို့ ဝှေကျိုင်စစ်ဘေးရှောင်စခန်းတွင် အောက်တိုဘာလ ၁၉ ရက်နေ့ကစတင်ပြီး HPA (Health Properties Action) ရဲ့ လှူဒါန်းငွေကြေးနှင့် dabang လူငယ်ကော်မတီမှ ဦးဆောင်ပြီး covid-19 ကာလမှာ လူငယ်များ အိမ်တွင်းအသက်မွေးဝမ်းကျောင်းအတွက် မုန့်ပြုလုပ်နည်းများသင်ကြားပေးနေကြောင်းသိရှိရပါတယ်။
ဒီသင်တန်းကို covid-19 ရောဂါမဖြစ်ခဲ့ပါက စစ်ဘေးရှောင်စခန်းရှိ လူငယ်များနှင့် ကျောင်းဆက်တက်ခြင်းမပြုလုပ်တော့တဲ့ လူငယ်များမှ
စိတ်ပါဝင်စားသူများကို NGO များ အဓိကကူညီပံ့ပိုးပေးပြီး မြို့ထဲသို့သွား၍ သင်ကြားစေလိုသော ရည်ရွယ်ချက်ရှိသော်လည်း ယခုရောဂါအခြေအနေမှာ လူစုလူဝေးပြုလုပ်ခြင်းမရသောကြောင့် လူဦးရေကန့်သတ်ပြီး သင်ကြားပေးသွားဖို့ရှိနေပါတယ်။
“ကျတော်တို့ရဲ့ စစ်ဘေးရှောင်စခန်းများ ပြန်လည်ရုပ်သိမ်းသွားတဲ့အချိန်ရောက်ရင်လည်း ကျေးရွာတွေမှာ ဆက်လက်ပြီး ယခုလို ဝင်ငွေရှာဖွေနိုင်ဖို့ လုပ်ငန်းကြီးလည်း ဖြစ်လာနိုင်တာကြောင့် ကိုယ့်နေရပ်ဒေသပြန်ချိန်ရောက်ရင်လည်း အသက်မွေးဝမ်းကျောင်းအဖြစ် လူငယ်တွေ လုပ်ဆောင်နိုင်ဖို့ပါ” လို့ ဝှေကျိုင်စစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးလထော်နော်ဂျာ ကပြောပါတယ်။
ယခုအချိန် မုန့်လုပ်သင်တန်းတက်ရောက်နေသူ လူငယ်( ၆ ) ယောက်ရှိပြီး ဂျယ်ရန်စစ်ဘေးရှောင်စခန်းမှ ဆရာ( ၂ )ဦး လာရောက်သင်ကြားပေးနေကြောင်း၊ သင်တန်းကာလ( ၁၅) ရက်ကြာမြင့်မည်ဖြစ်ပြီး လူငယ်များစိတ်ဝင်စားမှုကိုမူတည်၍ ဆက်လက်သင်ကြားပေးမည်ဖြစ်ကြောင်း သိရှိရပါတယ်။