COVID-19 ကပ်ရောဂါကြောင့် ဘန်နန်ဒင်ဒေသခံများ စားဝတ်နေရေးခက်ခဲမှုကြုံနေရ

ပူတာအိုခရိုင်၊ ခေါင်လန်ဖူးဒေသ၊ ဘန်နန်ဒင်ကျေးရွာသေခံများက တောတွင်းထွက် ဆေးဝါးများ၊ ရှီးပဒီးများ ရှာဖွေရရှိသော ဝင်ငွေဖြင့် အသက်မွေးဝမ်းကျောင်းပြုနေတာဖြစ်ပြီး ကိုဗစ်ရောဂါစတင်လာကတည်းက ရောင်းဝယ်မှုတွေ မရှိတော့တာကြောင့် စားဝတ်နေရေး အခက်ကြုံနေကြရပါတယ်။

ရောဂါမဖြစ်ပွားခင်ကာလများတွင် ဒေသခံများက ဆေးမြစ်ဆေးဝါးများ ရှာဖွေမှုအပြင် တရုတ်နယ်စပ်ကနေ ကုန်ပစ္စည်းများ ကူးသန်းရောင်းဝယ်မှုတွေ လုပ်ဆောင်နေတာဖြစ်ကာ ကိုဗစ်ဖြစ်ပွားပြီးနောက် ကူသန်းရောင်းဝယ်ခွင့်တွေလည်း ပိတ်ပင်လိုက်ခြင်းခံလိုက်ရတာကြောင့် ဝင်ငွေရရှိဖို့ မဖြစ်နိုင်တဲ့ အခြေအနေဖြစ်ပွား နေပါတယ်။

ယင်းဒေသကို အစိုးရအနေဖြင့်လည်း လက်လှမ်းမမှီဖြစ်တာကြောင့် ကျန်းမာရေး၊ ပညာရေးဆိုင်ရာများတွင်လည်း နောက်ကောက်ကျကျန်နေကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။

“ဘန်နန်ဒင်ဒေသက လမ်းပန်းဆက်သွယ်ရေးခက်ခဲသလို အစိုးရရုံးလည်း မရှိခြင်းကြောင့် ဒေသခံများအတွက် ပညာရေး၊ ကျန်းမာရေးဆိုင်ရာတွေမှာ အလွန်အားနည်းပါတယ်၊ ဖျားနာတဲ့သူရှိလာရင်တောင် ဆေးရုံ ဆေးခန်းနဲ့ ဆေးပေးဖို့ မရှိခြင်းကြောင့် ဒေသခံအချို့ မသေဆုံးသင့်ပဲ သေဆုံးရမှုတွေလည်း ရှိခဲ့ပါတယ်၊ လွန်ခဲ့သောအချိန်တွေက ဝမ်းပျက်ဝမ်းလျောမှုကြောင့် ၁၀ ဦးသေဆုံးခဲ့ပြီးပါပြီ” လို့ ဒေသခံတစ်ဦးက အခုလိုပြောပြပါတယ်။

Leave a Reply

*