COVID-19 ကပ်ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးမှုပြုလုပ်

မှော်ဖောင်းနှစ်ခြင်းခရစ်ယာန်အသင်းတော်မှ ဦးဆောင်ပြီး လူငယ်တွေက ကိုဗစ်-၁၉ ရောဂါ ကာကွယ်နှိမ်နှင်းရေး ဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဇူလိုင်လ ၇ ရက်နေ့က ပြုလုပ်ခဲ့ကြပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကို ပေါ့ပျက်ပျက်ဖြင့် တွေးတောခြင်းမပြုလုပ်ပဲ ရောဂါကို စဉ်ဆက်မပြတ် သတိကြီးစွာ ကာကွယ်သွားဖို့နဲ့ ဒေသတွင်းရှိ အများပြည်သူများရဲ့ ကျန်းမာရေးအသိပညာတိုးပွားစေဖို့နဲ့ အကြမ်းဖက်နိုင်ထက်ပြုမှုအကြောင်းအရာတွေကို သိရှိစေဖို့ လုပ်ဆောင်ခြင်းဖြစ်တယ်လို့ မှော်ဖောင်းနှစ်ခြင်းခရစ်ယာန်အသင်းတော်ရဲ့ လူငယ်ပြန်ကြားရေးတာဝန်ခံ ဆရာလဖိုင်ဇော်ဆိုင်း ကပြောပါတယ်။

ဓာတ်ပုံ – Maw Hpawng Ramma Komiti

အသိပညာအမြင်ဖွင့်လုပ်ဆောင်တဲ့ စာစောင်ထဲမှာတော့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာနဲ့ ကလေး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတွေကို ဘယ်လိုကာကွယ်မှုတွေပြုလုပ်ပြီး သတိထားရမည့်အရာများ စသည့် ပညာပေးမှုများပါဝင်ပါတယ်။ မှော်ဖောင်းအသင်းတော်မှာ အိမ်ထာင်စု ၂၀၀ ကျော်ရှိကာ ယခင်ကလည်း ယခုလိုအမြင်ဖွင့်ပညာပေးမှုတွေ လုပ်ဆောင်ခြင်းရှိပေမယ့် လက်ရှိပြုလုပ်ရာမှာတော့ ဒေသခံများအပြင် ဖြတ်သွားဖြတ်လာသူတွေနဲ့ ဈေးရောင်းဝယ်နေသူများထံအထိ ဝေမျှမှုတွေ ရှိခဲ့ကာ ဆက်လက်ပြီးတော့လည်း အလုပ်အကိုင်အခွင့်အလမ်းများအတွက် ကူညီမှုတွေလည်း လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။

Leave a Reply

*