CCRCK အဖွဲ့မှ တနိုင်းဒေသရှိ အများပြည်သူများအတွက် အစားအသောက်ထောက်ပံ့

COVID-19 Concern And Response Committee-Kachin (CCRCK) အဖွဲ့အနေဖြင့် တနိုင်းဒေသရှိ CCRCK ကော်မတီနဲ့ ဇူလိုင်လ ၈ ရက်နဲ့ ၉ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ကာ အများပြည်သူအတွက် အခြေခံအစားအသောက်နဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများကို သွားရောက် လှူဒါန်းခဲ့ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စားဝတ်နေရေးခက်ခဲနေတဲ့ စစ်ဘေးရှောင်များ၊ ဒေသခံများကို ကူညီထောက်ပံ့ခြင်းဖြစ်တယ်လို့ CCRCK အဖွဲ့ ပြောဆိုခွင့်ရှိသူ ဆရာအင်ခွန်တန်ဂွန်း ကပြောပါတယ်။

ဓာတ်ပုံ – CCRCK

ထောက်ပံ့ပစ္စည်းများကို ကချင်အမျိုးသမီးအစည်းအရုံး – ထိုင်းနိုင်ငံ (KWAT) က ရှာဖွေစုဆောင်းပေးခြင်းဖြစ်ကာ ဆန်အိတ် ၁၃၀ အိတ်၊ မျက်နှာ-နှာခေါင်းစည်း၊ လက်ဆေးရည်၊ PPE ဝတ်စုံ၊ လက်ဆေးခုံ၊ ဆပ်ပြာ၊ အပူချိန်တိုင်းစက်တွေကို ကူညီထောက်ပံ့ခြင်းဖြစ်ကာ ဆက်လက်ပြီးတော့လည်း လိုအပ်တဲ့ဒေသ၊ ကျေးရွာများကို ကူညီမှုတွေ စဉ်ဆက်မပြတ်လုပ်ဆောင်သွားနိုင်ဖို့ ပြင်ဆင်နေကြောင်း သိရှိရပါတယ်။

Leave a Reply

*