မုံးကိုးစစ်ရှောင်ပြည်သူများထဲမှ ၃၆ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိ

ရှမ်းပြည်နယ်မြောက်ပိုင်း (Kachin Sub-state) မုံကိုးမြို့ဘက် ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်ပြည်သူများထဲတွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ တစ်နေ့ထက် တစ်နေ့များပြားလာကြောင်း သိရပါတယ်။ မုံးကိုးမြို့ဘက် တိမ်းရှောင်လာတဲ့ ပြည်သူများထဲတွင် အိမ်ထောင်စု ၁၃၉ စုရှိကာ လူဦးရေ ၆၅၆ ဦးရှိတာဖြစ်ပြီး လက်ရှိအချိန်တွင် ခရစ်ယာန်ဘုရားကျောင်းဝင်း၊ ဘုန်းကြီးကျောင်းဝင်း၊ မုံဘော်ရုံး၊ လီဆူဘုရားကျောင်းဝင်များတွင် ခိုလှုံနေကြရတာဖြစ်ပါတယ်။ စစ်ဘေးရှောင်ပြည်သူများထဲမှ ဖျားနာလာသူများပြားလာတာကြောင့် ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိစစ်ဆေးရာတွင် ၃၆ ဦးတွင် ပိုးကူစက်ခံထားရတာကို တွေ့ရှိခဲ့ရကာ လူဦးရေကြပ်တည်းစွာ နေထိုင်နေရခြင်းကြောင့် ပိုးကူးစက်ခံရသူတွေ ထပ်မံများပြားလာမှာကို စစ်ဘေးရှောင်ပြည်သူများ စိုးရိမ်နေကြရပါတယ်။ လက်တလောမှာတော့ ကိုဗစ်ပိုးရှိသူများကို မုံးကိုးပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေကြပါတယ်။ လက်ရှိ မုံးကိုးမြို့တွင် စစ်ဘေးရှောင်နေကြသူများက နမ်ဟာ၊ ကောင်လုံ၊ မန်ခွမ်၊ ဝေါ်ခရုန်း၊ နောင်လန်းကျေးရွာများမှ တိမ်းရှောင်လာကြသူများဖြစ်ကြပြီး ဩဂုတ်လက ကျေးရွာအနီးတွင် […]

တရံအနီးစစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်ကို ကေအိုင်အေ မိုင်းဆွဲတိုက်ခိုက်

တနိုင်းမြို့နယ် ရှင်ဗွေယန်မြို့နယ်ခွဲ တခက်နဲ့ တရုံကျေးရွာကြား စက်တင်ဘာ ၁၅ ရက် ယနေ့မနက် ၆ နာရီခန့်တွင် စစ်ရေးလှုပ်ရှားမှုပြုလုပ်လာတဲ့ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၂ တပ်ရင်း ၄၅ မှ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များက တရုံကျေးရွာကနေ တခက်ကျေးရွာဘက် စစ်အင်အားတိုးချဲ့ လှုပ်ရှားမှုပြုလုပ်လာစဉ် ကေအိုင်အေဘက်မှ မိုင်းလေးလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခြင်းရှိခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်အရ သိရပါတယ်။ ထိုအာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းက စက်တင်ဘာ ၇ ရက်နေ့ တနိုင်း တကစတပ်မှ စစ်ရေးလှုပ်ရှားလာတဲ့အဖွဲ့ဖြစ်ပြီး စက်တင်ဘာ ၁၀ ရက်နေ့တွင် တရုံချောင်းတံတားအနီးတစ်ကြိမ်၊ စက်တင်ဘာ ၈ ရက်နေ့တုန်းကလည်း လဂျာဘွမ်ကျေးရွာအနီးရှိ ဘရန်ရန်ချောင်းတွင် တစ်ကြိမ် ကေအိုင်အေတပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့ နေရာတဝိုက်ရှိ ဒေသခံများက […]

မိုင်ဂျာယန်ရှိ ကိုဗစ်ကူးစက်ခံရသူ ၂၀၀၀ ကျော် ပျောက်ကင်းသက်သာ

ကေအိုင်အို ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မြို့တွင် ကိုဗစ်တတိယလှိုင်းဒဏ် ခံစားခဲ့ကြရသလို ရောဂါကူးစက်ခံရသူ ၂၁၅၃ ဦးရှိခဲ့ပြီး ထိုအထဲမှ ၁၉၉၄ ဦးပျောက်ကင်းသက်သာကာ နေအိမ်ပြန်ခွင့်ရရှိခဲ့ပြီဖြစ်ကြောင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်နှိမ်နှင်းရေး အရှေ့ပိုင်းတိုင်းဌာနချုပ်ကော်မတီထံမှ သိရပါတယ်။ စက်တင်ဘာ ၁၄ ရက် ယနေ့တွင်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းမရှိသေးသူများကို ကာကွယ်ဆေးထိုးနှံလုပ်ဆောင်ခဲ့ကာ ကိုဗစ်ရောဂါပိုးရှိမရှိ စစ်ဆေးခံသူလည်း ၁၁၁ ဦးရှိခဲ့ပါတယ်။ လက်ရှိ ပိုးတွေ့လူနာ ၁၆၄ ဦးကလည်း ဆေးဝါးကုသမှုခံယူနေရာကနေ စက်တင်ဘာ ၁၃ ရက်နေ့တွင် ကောင်းမွန်စွာသက်သာပြီးဖြစ်တာကြောင့် နေအိမ်ပြန်ခွင့်ပြုခဲ့ပါတယ်။ ပိုးတွေ့လူနာများကို ဆေးဝါးကုသပေးနေတဲ့ ကျန်းမာရေးစင်တာတွင် ကုသမှုခံယူ အယောက် ၂၀ ကလည်း ရောဂါပိုးမရှိ အဖြေထွက်ပေါ်လာတာကြောင့် ကျန်းမာရေးစောင့်ကြည့်မှုထပ်မံ ခံယူနေသလို ကိုဗစ်ပိုးရှိသူ ၁၃၉ ဦး ကျန်ရှိနေသေးကြောင်း သိရပါတယ်။ လိုင်ဇာမြို့တော်တွင်လည်း […]

ခေါင်လန်ဖူးရှိ ဆေးမြစ်တိုရှာဖွေသူများ ဈေးကွက်မရခြင်းကြောင့် အခက်ကြုံ

ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ် ရေခဲတောင်အနီးနေထိုင်ကြတဲ့ ပြည်သူများက တောတောင်များတွင် ပေါက်တဲ့ ဆေးမြစ်ဆေးပင်၊ ရှီးပဒီးများကို အဓိကထားရှာဖွေရောင်းချကာ အသက်မွေးဝမ်းကြောင်းပြုနေကြတာဖြစ်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါစတင်လာအပြီး ဈေးကွက်ပျောက်ဆုံးကာ ရောင်းချနိုင်ခြင်းမရှိတာကြောင့် အခက်ကြုံနေကြရပါတယ်။ ယခင်အချိန်တွေက ဆေးမြစ်ဆေးပင် ဝယ်ယူသူတွေများပြားခဲ့ပေမယ့် လက်ရှိအချိန်တွင် တရုတ်နိုင်ငံဘက်မှ လမ်းပိုင်းပိတ်ပင်ထားရှိတာကြောင့် ရောင်းဝယ်ဖောက်ကားဖို့ အခက်ကြုံတွေ့ခဲ့ရသလို ဒေသခံပြည်သူများရဲ့ ဝင်ငွေရလမ်းကလည်း မရေမရာမှုတွေနဲ့ ကြုံတွေ့နေကြရပါတယ်။ ခေါင်လန်းဖူးဒေသကို ရောက်ရှိဖို့ ကားလမ်း၊ ဆိုင်ကယ်လမ်းပင်မရှိသေးတာကြောင့် အရာအားလုံးက ခက်ခဲမှုတွေသာဖြစ်စေနေပြီး ဒေသခံများက တောင်ယာစိုက်ပျိုးခြင်းဖြင့် အသက်ဆက်နေကြကာ အခြားသောအသုံးစရိတ် ငွေကြေးအဖြစ် ဆေးမြစ်ဆေးပင်တူးဖော်ရောင်းချခြင်းသာ ရှိနေတာဖြစ်ပါတယ်။ ထို့ပြင် ပူတာအိုဒေသတဝိုက်တွင်လည်း စပါးစိုက်ခင်း၊ တောင်ယာစိုက်ခင်းများတွင် စိုက်ခင်းတွေ သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခြင်းတွေနဲ့ ကြုံတွေ့နေကြရပြီး ကျိုင်းကောင်းရဲ့ စိုက်ခင်းပျက်စီးခြင်းများကိုလည်း ခံနေကြရတာကြောင့် နောက်နှစ်စားဝတ်နေရေးအတွက် အစားအသောက်ဖူလုံရေးမှာ အခက်ကြုံရနိုင်ပြီး နှစ်စဉ်နှစ်တိုင်း […]

မိုးမောက် စိန်လုံဘော်ဒါဝင်းရှိ စစ်ဘေးရှောင်ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ လိုအပ်နေ

မိုးမောက်မြို့နယ်တွင် မတ်လကတည်းက တိုက်ပွဲများဖြစ်ပွားခဲ့တာကြောင့် မိုးမောက် စိန်လုံသာသနာဘော်ဒါဆောင်ဝင်းတွင် တိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်ပြည်သူများက လက်ရှိအချိန်တွင် ဆေးဝါးနဲ့ ကျန်းမာရေးစစ်ဆေးပေးမှုတွေ လိုအပ်နေပြီဖြစ်ကြောင်း သိရပါတယ်။ စစ်ဘေးရှောင်ပြည်သူများထဲတွင် ဖျာနာနေသူများပြားလာပြီး ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိဆိုတာကိုလည်း စစ်ဆေးနိုင်ခြင်းမရှိဖြစ်နေကာ ဖျာနာနေသူများကို ကျန်းမာရေးစောင့်ရှောက် ကြည့်ရှု့ပေးဖို့လည်း တတ်သိကျွမ်းကျင်သူများမရှိ ကောင်းမွန်စွာ ကုသမှုမပေးနိုင်တဲ့ အခြေအနေဖြစ်နေတာကြောင့် စိုးရိမ်ဖွယ်ဖြစ်နေတယ်လို့ ဆရာ ဆွမ်လွတ်မွန်းအောင် ကပြောပါတယ်။ “အင်မတန်ခက်ခဲတဲ့အချိန်ဖြစ်နေတယ် ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် အပြင်သွားလာခွင့်မရှိဘူး၊ ဖျာနာလာရင်လည်း ဘယ်သူကိုဆက်သွယ်အကူအညီတောင်ဖို့လည်း မသိဖြစ်နေရတယ်၊ ကိုဗစ်-၁၉ ရောဂါရှိမရှိ စစ်ဆေးပေးမယ့်အဖွဲ့၊ ကျန်းမာရေးစစ်ဆေးပေးတဲ့အဖွဲ့အစည်းတွေရှိရင်တော့ တအားကောင်းမှာပဲ၊ အခုတော့ ဘယ်သူ့ကိုမှ မဆက်သွယ်တတ်ပဲ စိုးရိမ်နေရပါတယ်” လို့ သူကပြောပါတယ်။ လွန်ခဲ့သောအပတ်ကစတင်ပြီး စစ်ရှောင်စခန်းတွင်း ဖျားနာလာသူများပြားလာပေမယ့် ကျန်းမာရေးဆေးခန်းပြသဖို့ မဖြစ်နိုင်တာကြောင့် ဆေးမှီးတို၊ တိုင်းရင်းဆေးများကိုသာ သုံးစွဲပြီး ကုသနေကြရကြောင်း […]