ကေအိုင်အေ တပ်မဟာ ၃ နဲ့ ၆ တွင် စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွား

ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၃ တပ်ရင်း ၂၇ အခြေစိုက်တဲ့ အူလန်းပါဒေသ၊ ကွမ်ဖျပါတွင် အောက်တိုဘာ ၁၆ ရက်နေ့ ယနေ့မနက် ၁၀ နာရီခန့်တွင် ထိုဒေသတဝိုက် စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာတဲ့ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ ကေအိုင်အေကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ စစ်ကောင်စီတပ် ခလရ ၁၅၊ ၁၂၁ နဲ့ ခမရ ၃၆၈ တို့ပူးပေါင်းထားတဲ့ အင်အား ၇၉ ဝန်းကျင်ရှိ စစ်ကြောင်းက မုန်းခေါင်ဘက် ထိုးစစ်ဆင်လာတာကြောင့် KIA ဘက်မှ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခြင်းကို ၄ ကြိမ်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ထို့အပြင် ကေအိုင်အေ တပ်မဟာ ၆ တပ်ရင်း ၃၆ အခြေစိုက်တဲ့ မုံးကိုးဒေသ၊ တီးမကျေးရွာ၊ မန်ကန်တောင်အနီးတွင် ယနေ့ နေ့လည် ၁၁ နာရီခန့်တွင် ကေအိုင်အေ တပ်စခန်းဘက် […]

စစ်ကောင်စီအဖွဲ့က ပြည်သူများကို စစ်တပ်တဝိုက် အမိန့်ပေး ခြုံရှင်းလင်းခိုင်း

ကားမိုင်းမြို့ အနီး နမ့်ရှန်တောင်တွင် တပ်စွဲနေရာယူနေတဲ့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ ခမရ ၁၂ တပ်မှ တာဝန်ရှိသူများက ထိုနေရာအနီးတဝိုက်ရှိ ကျေးရွာများမှ ပြည်သူများကို အောက်တိုဘာ ၁၅ ရက်နေ့ မနက် ၉ နာရီခွဲတွင် စစ်တပ်ပတ်ဝန်းကျင် ခြုံရှင်းလင်းခိုင်းမှု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ခမရ ၁၂ တပ်မှ ဗိုလ်ကြီး နိုင်ဇော်အောင် က လဘန်ကထောင်၊ နမ့်ရှန်၊ ခဆန်ကျေးရွာရှိ အုပ်ချုပ်ရေးမှူးများကို ခေါ်ယူကာ အမိန့်ပေးခိုင်းစေခဲ့ခြင်းဖြစ်ပြီး အုပ်ချုပ်ရေးမှူးများကလည်း အိမ်ထောင်စုတစ်ခုစီတိုင်းမှ တစ်ဦးစီးခေါ်ယူကာ သန့်ရှင်းရေး ပြုလုပ်စေခဲ့ပါတယ်။ “သူတို့စစ်တပ်ထဲက ဗိုလ်ကြီး နိုင်ဇော်အောင် ဆိုတဲ့သူ အမိန့်ပေးခိုင်းစေတာတဲ့၊ ကျေးရွာအုပ်ကြီးတွေကို အမိန့်ပေးတော့ သူတို့က တစ်အိမ်ကို တစ်ယောက်နှုန်းနဲ့ သွားပြီး ခြုံရှင်းခဲ့ကြရတာပေါ့ဗျာ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။ […]

နယ်စပ်ရှိ စစ်ဘေးရှောင်များကို တရုတ်အာဏာပိုင်များက မောင်းထုတ်နေ

မုံးကိုးဒေသတွင် တိုက်ပွဲများပြင်းထန်လာခြင်းကြောင့် နယ်စပ်အနီးတဝိုက်ဘက် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင်ပြည်သူများကို တရုတ်အာဏာပိုင်များက နယ်စပ်တဝိုက် နေထိုင်ခြင်းမပြုလုပ်ဖို့ ပြောဆိုလာခြင်းကြောင့် စစ်ဘေးရှောင်ပြည်သူများက စိုးရိမ်ဖွယ်ဖြစ်လာတာကြောင့် နေရပ်အတင်းပြန်နေကြရကြောင်း သိရပါတယ်။ တရုတ်အာဏာပိုင်များက စစ်ဘေးရှောင်များက ချောင်းအနီးဝန်းကျင်ဘက် နေထိုင်ခြင်းမပြုစေလိုနေတာကြောင့် စစ်ရှောင်ပြည်သူများကို မောင်းထုတ်နေပြီး ချောင်းရေကာတာလုပ်ပြီး ရေဖောက်ချခြင်းတွေလည်း ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။ “ဖော်ဂျွန်ပါ၊ ရွာသစ်နဲ့ ကောင်တပ်ဘက်ကနေ တိမ်းရှောင်လာတဲ့ စစ်ရှောင်ပြည်သူတွေကို တရုတ်အာဏာပိုင်များက နယ်စပ်ချောင်းအနီးမှာ နေထိုင်ခြင်းမပြုလုပ်ဖို့ မောင်းထုတ်တယ်၊ အချို့ကတော့ နေရပ်ပြန်ကြတယ်၊ ကျန်နေသေးသူများလည်း ရှိသေးတယ်၊ တရုတ်အစိုးရက မနေခိုင်းချင်တာပေါ့၊ နယ်စပ်မှာ လာနေတာကို မကြိုက်တာကြောင့် ရေလမ်းကြောင်း၊ ရေကာတာတွေ လာဖွင့်ချတာတွေ လုပ်လေ့ရှိတယ်ဗျာ” လို့ စစ်ရှောင်ပြည်သူ တစ်ဦးကပြောပါတယ်။ တရုတ်အာဏာပိုင်များရဲ့ မောင်းထုတ်ခြင်းခံနေရတဲ့ စစ်ရှောင်ပြည်သူများက အောက်တိုဘာ ၁၂ ရက်နေ့ […]

မြစ်ဆုံဒေသတွင် စက်ယန္တယားများဖြင့် ရွှေတူးဖော်နေမှုကို ဒေသခံများ ကန့်ကွက်

တန်ဖဲကျေးရွာ၊ မြစ်ဆုံဒေသတဝိုက် ရွှေတူးဖော်ခွင့် ပိတ်ပင်ထားပေမယ့် လွန်ခဲ့သောလကစတင်ပြီး စက်ယန္တယားကြီးများဖြင့် ရွှေတူးဖော်မှု ဆက်လက်လုပ်ဆောင်လာတာကြောင့် ဒေသခံပြည်သူများက မလိုလား ကန့်ကွက်နေကြတာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်ကစတင်ပြီး ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုအတွက် စိုးရိမ်ဖွယ်ဖြစ်လာတာကြောင့် ဒေသခံပြည်သူများက မြစ်ဆုံတဝိုက် ရွှေတူးဖော်ခြင်း ပြုလုပ်ကြဖို့ အကြိမ်ကြိမ်တောင်းဆို ကန့်ကွက်ခဲ့တာဖြစ်ပြီး လက်ရှိ စစ်တပ်အာဏာသိမ်းပြီး နောက်မှာတော့ စက်ယန္တယားကြီးများဖြင့် ပိုမိုဆိုးရွားစွာ တူးဖော်လာနေတယ်လို့ ဒေသခံများက ပြောကြပါတယ်။ “တိုင်းပြည် မငြိမ်မသက်ဖြစ်နေတာကို အခွင့်ကောင်းယူပြီး ရွှေတူးဖော်နေကြတာကြောင့် မြစ်ဆုံဒေသ ပတ်ဝန်းကျင်က မြစ်ဆုံဆည်ကြောင့် ပျက်စီးလာနိုင်သလို ရွှေတူးဖော်ခြင်းကြောင့် အရင်ပျက်စီးရမည့် ကိန်းဖြစ်နေတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ လက်ရှိအချိန်တွင် မြစ်ဆုံဒေသတဝိုက် ကုမ္ပဏီကြီး ၃ ခုမှ ရွှေတူးဖော်ခြင်းများ လုပ်ဆောင်နေတာကြောင့် ဒေသခံများက အောက်တိုဘာ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံသားအားလုံးတန်ဖိုးထားတဲ့ […]

စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီအဖွဲ့ကို KIA မှ မိုင်းဆွဲတိုက်ခိုက်

ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၉ တပ်ရင်း ၄၄ အခြေစိုက်တဲ့ နန့်ရှန်တောင်အနီးတွင် အောက်တိုဘာ ၁၃ ရက်နေ့ ညနေပိုင်း ၅ နာရီခန့် ထိုနေရာတဝိုက် စစ်ရေးလှုပ်ရှားလာတဲ့ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ကို ကေအိုင်အေမှ မိုင်းဆွဲတိုက်ခိုက်လိုက်ပါတယ်။ နန့်ရှန်တောင်တွင် တပ်စွဲနေရာယူနေတဲ့ စစ်ကောင်စီတပ် ခမရ ၁၂ မှ စစ်ကြောင်းက ကျေးရွာဘက်ဆင်းလာပြီး ပြန်လာချိန် မိုင်းဆွဲတိုက်ခိုက်လိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။ ဗန်းမော်မြို့နယ်၊ ခဝမ်ဘန်အနီးတွင်လည်း အောက်တိုဘာ ၁၂ ရက်နေ့ ညနေပိုင်းတွင် ထိုဒေသတဝိုက် ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမှုပြုလုပ်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကေအိုင်အေတပ်မှ ကြားဖြတ် ခုခံတိုက်ခိုက်ခဲ့ပါသေးတယ်။ ခဝမ်ဘန်အထက်ပိုင်း လုံခြုံရေးယူနေတဲ့ အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီအုပ်စုကို မိုးမောက်ဘက် စစ်ရေးလှုပ်ရှားလာချိန် ကေအိုင်အေတပ်ဖွဲ့မှ တိုက်ခိုက်လိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။ ယမန်နေ့ည […]