ဖားကန့်ဒေသတွင်း နေထိုင်သူများကို သွားလာကဒ်ထုတ်ပေး

ဖားကန့်မြို့နယ်ကို အိမ်တွင်းနေထိုင်ရေးအစီအစဉ် (Stay At Home) သတ်မှတ်ထားချိန် ပြင်ပထွက်ခွာရန် လိုအပ်ချိန် အမှတ်လက္ခဏာပြသနိုင်ဖို့ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အိမ်ထောင်စုတစ်စုကို လက်မှတ်တစ်ခုစီ ဝေမျှခဲ့ပါတယ်။ အိမ်ပြင်ပထွက်ခွာခွင့်ကဒ်က Stay At Home ကာလ ရက်ပေါင်း (၁၄) ရက်အတွင်းအသုံးပြုနိုင်ဖို့ စက်တင်ဘာ ၂၂ ရက်နေ့ကတည်းက အခကြေးပေးစရာမလိုအပ်ပဲ ထုတ်ဝေပေးခဲ့ခြင်းဖြစ်ပါတယ်။ “အိမ်ထောင်တစ်ခုက လူတွေအကုန်လုံးကို အိမ်ပြင်မထွက်နေစချင်လို့ အခုလိုလုပ်ဆောင်ကြတာပါ၊ အဲ့ဒါကြောင့် အရေးတကြီးကိစ္စရှိရင် ဒီကဒ်ကိုင်ဆောင်ပြီး ဈေးဝယ်ထွက်တာတို့၊ ဆေးဝယ်တာတို့အတွက် လိုအပ်ရင်အသုံးပြဖို့ ထုတ်ပေးတဲ့ကဒ်ဖြစ်ပါတယ်” လို့ ဖားကန့်ဒေသ ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်း အတွင်းရေးမှူး ဆရာဒါ့ရှီနော်လွန် ကပြောပါတယ်။ ဖားကန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ (၉) ဦးရှိပြီး (၄)ဦးကတော့ ဆေးရုံဆင်းခွင့်ရရှိပြီဖြစ်ကာ အိမ်တွင်းစောင့်ကြည့်မှုပြန်လည် ခံယူနေကြပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာတော့ […]

ပိုးမွှားကျခြင်းကြောင့် မလိကျေးရွာဒေသခံများရဲ့ ပြောင်းဖူးခင်းဆုံးရှုံးမှုကြုံတွေ့

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် မလိကျေးရွာသားများရဲ့ ပြောင်းစိုက်ခင်းတွင် ပိုးမွှားကျလာတာကြောင့် ပြောင်းခင်းပျက်စီးမှုများကြုံတွေ့နေရသလို ချေးငွေပေးဆပ်ဖို့လည်း အခက်အခဲကြုံတွေနေကြရပါတယ်။ ပြောင်းခင်းရှိ ပြောင်းအများစု ပိုးမွှားကိုက်ခြင်းခံခဲ့ရသလို အချို့သောအရာများကို ခူးနိုင်ပေမယ့် အထဲတွင်း ပျက်စီးမှုတွေလည်း ရှိနေတာကြောင့် ယခုနှစ်စိုက်ပျိုးသူ ဒေသခံအများစုက ဆုံးရှုံးမှုနဲ့ရင်ဆိုင်နေရတာကြောင့် စိတ်သောက ရောက်နေကြရပါတယ်။’ မလိကျေးရွာနဲ့နီးစပ်တဲ့ဒေသအများစုကလည်း ပြောင်းစိုက်ခင်းဖြင့် ဝမ်းရေးဖြေရှင်းနေကြတာဖြစ်ပြီး ယခုနှစ်အတွက် ဒေသခံများရဲ့ ပြောင်းအများစု ပိုးမွှားကြောင့် ပျက်စီးခြင်းခံခဲ့ရသလို တဖက်တွင်လည်း ကိုဗစ်-၁၉ ကြောင့် တရုတ်ဘက်ကို ပြောင်းတင်ပို့ဖို့လည်း အခက်အခဲကြုံတွေ့နေရပါတယ်။

Gaw Ningja အကြောင်း အမြင်ဖွင့်ဟောပြောမှုပြုလုပ်

Kachin Development Group အဖွဲ့မှ ဦးဆောင်ပြီး လိုင်ဇာမြို့ ရပ်ကွက် (၄) တွင်နေထိုင်တဲ့ မတူညီသော မသန်စွမ်းမှုရှိနေသူအိမ်ထောင်စုများနဲ့ ရပ်ကွက်တွင်းရှိ ရပ်မိရပ်ဖများကို စက်တင်ဘာ ၂၃ ရက်နေ့က ရပ်ကွက်ရုံးတွင် Gaw Ningja နဲ့ပတ်သက်ပြီး အမြင်ဖွင့် ဟောပြောမှု ပြုလုပ်ခဲ့ကြပါတယ်။ ဟောပြောမှုမှာတော့ KDG အဖွဲ့မှ စေတနာ့ဝန်ထမ်းဖြစ်တဲ့ ဆရာမအင်ခွန်ဆမ်တောင်က လိုအပ်ချက်ရှိသူများ အကြောင်းနဲ့ Gaw Ningja အကြောင်းများကို ရှင်းလင်းပြခဲ့ကာ ထိုနှစ်ခုကြားရှိကွဲပြားခြားနားမှုများကိုလည်း ဆွေးနွေးပြောကြားခဲ့ပါတယ်။ လူ့အသိုင်းအဝိုင်းတွင် မသန်စွမ်းသူများကို ပစ်ပယ်ထားခြင်းမပြုလုပ်ပဲ လိုအပ်တဲ့အရာပေါ်ကူညီဖေးမှတတ်ဖို့၊ မသန်စွမ်းသူများရဲ့ ကြိုးစားအားထုတ်မှုဖြင့် ရပ်တည်သွားနိုင်ဖို့ ရည်ရွယ်ကျင်းပခဲ့တာဖြစ်ပါတယ်။ “လူ့ပတ်ဝန်းကျင်တွေမှာ မသန်စွမ်းသူများကို ပြောဆိုဆက်ဆံရာမှ ခက်ထန်ပြီး အထင်သေး ခွဲခြားမှုတွေများပြားတာကြောင့် သူတို့ကို ပစ်ပယ်ထားခြင်းမရှိဘူးဆိုတာကို သိရှိစေဖို့၊ ကိုယ်ရပ်ရွာ ကိုယ့်အိမ်မှာရှိတဲ့ […]

ပါကထောင်စစ်ဘေးရှောင်စခန်းရှိ ပျက်စီးသွားတဲ့နေအိမ်တွေကို ပြန်လည်ပြုပြင်ပေးမည်

ကေအိုင်အိုထိန်းချုပ်နယ်မြေ အရှေ့ပိုင်းဌာနချုပ် မိုင်ဂျာယန်မြို့အတွင်းရှိ ပါကထောင်စစ်ဘေးရှောင်စခန်းမှ ပျက်စီးသွားတဲ့ နေအိမ်များကို Wunpawng Ninghtoi (WPN) အဖွဲ့နဲ့ ဂရုနာအဖွဲ့များက နေအိမ်အသစ်ပြန်လည် ဆောက်လုပ်ပေးသွားဖို့ ရှိနေပါတယ်။ စစ်ဘေးရှောင်နေအိမ်များကို ဩဂုတ်လ ကတည်းက တည်ဆောက်လာတာဖြစ်ပြီး ပျက်စီးသွားဖို့ နေထိုင်ဖို့မဖြစ်နိုင်တော့တဲ့ နေအိမ်ပေါင်း (၈၀) အတွက် လုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါကြောင့် လက်ရှိအချိန်တွင် စစ်ဘေးရှောင်များကို အကူအညီပေးနေမှုတွေ လျော့ကျသွားတာကြောင့် အခက်အခဲအမျိုးမျိုးနဲ့ ရင်ဆိုင်နေကြရတယ်လို့ ပြောပါတယ်။ “ကျတော်တို့စစ်ဘေးရှောင်မှာက ပိုက်ဆံရှာဖို့လည်းမဖြစ်နိုင်ဘူး ကလေးတွေကို ကျောင်းထားဖို့လည်း မတတ်နိုင်ဘူး အပြင်ထွက်အလုပ်လုပ်ဖို့ကလည်း ပိုမိုခက်ခဲလာတဲ့အခြေအနေဖြစ်နေတဲ့ကြားမှာ အကူအညီပေးတာတွေကလည်း လျော့နည်းလာပြီး WPN နဲ့ ဗန်းမော်က ဂရုနာအဖွဲ့အနေဖြင့် ဆန် ဆီ ဆားကို တစ်ခါတစ်လေ ကူညီတာတွေတော့ ရှိနေပါသေးတယ်” လို့ ပါကထောင်စစ်ဘေးရှောင်စခန်း အတွင်းရေးမှူး […]