KIA တပ်မဟာ (၈)တွင် အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပြင်းထန်နေ

ဖေဖော်ဝါရီ ၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၈) တပ်ရင်း ၄၁ နယ်မြေတွင် ယနေ့ ဖေဖော်ဝါရီ ၄ ရက် မနက် ၁ နာရီခန့်က အကြမ်းဖက် စစ်ကောင်စီတပ်မှဂျက်လေယာဉ်ဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။ မန္တလေးမြို့ တံတားဦးလေတပ်စခန်းကနေ ထွက်ခွာလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ဂျက်တိုက်လေယာဉ် ၃ စီးက ကေအိုင်အေတပ်များ နေရာယူနေလို့ ယူဆတဲ့နေရာများတွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သလို စက်သေနတ်များဖြင့်လည်း ပစ်ခတ်မှု လုပ်ဆောင်သွားခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်အရသိရပါတယ်။ ယနေ့မနက် ၁ နာရီခန့်တွင် စစ်ကိုင်းတိုင်းအစပ် မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာတွင် တပ်စွဲနေရာယူနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်မှ ဝင်ရောက်တိုက်ခိုက်ပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ကာ ဒေသကာကွယ်ရေးတပ်ဘက်မှ လက်နက်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့ကာ စခန်းကို […]

မိုးမောက်-လွယ်ဂျယ်လမ်းတွင် တိုက်ခိုက်ခံရတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် သေဆုံးထိခိုက်ပြီး အထိနာ

ဇန်နဝါရီလ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်။ မိုးမောက်-လွယ်ဂျယ်လမ်း လော့ဒန်ကျေးရွာအနီး ယနေ့ ဇန်နဝါရီ ၃၁ ရက်နေ့ မနက် ၈ နာရီခွဲခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၃ တပ်ရင်း ၁၅ နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ အကြမ်းဖက် စစ်ကောင်စီတပ်က အင်အား ၁၀၀ ကျော်ဝန်းကျင်ဖြင့် မနက် ၅ နာရီခန့်တွင် ဆယ်မိုင်ကနေ ထွက်ခွာလာတဲ့ စစ်ကြောင်းဖြစ်ပြီး လော့ဒန်တောင်ကုန်းဘက် စစ်ရေးလှုပ်ရှားလာစဉ် ကေအိုင်အေတပ်မှ မိုင်းဖြင့် ကြားဖြတ်တိုက်ခိုက်ကာ လက်နက်ဖြင့် နှစ်ဖက်အပြန်အလှန်တိုက်ခိုက်ခဲ့ကြကြောင်း သိရပါတယ်။ တိုက်ပွဲဖြစ်ပွားစဉ် အကြမ်းဖက် စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး တိုက်ပွဲဖြစ်ပွားအပြီး အနီးဝန်းကျင်ဘက် စစ်ကောင်စီတပ်မှ လက်နက်ကြီးငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေခဲ့ကြောင်း မြေပြင်သတင်းသိရှိသူက ပြောပါတယ်။ ယခင်နှစ်တုန်းကလည်း […]

အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ တပ်စခန်း သုံးခုကို KIA, KPDF ပူးပေါင်းတပ်မှ မီးရှို့ဖျက်ဆီးနိုင်ခဲ့

ဇန်နဝါရီ ၂၆ ရက်၊ ၂၀၂၃ ခုနှစ်။ ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီးရှိ အကြမ်းဖက် စစ်ကောင်စီတပ်စခန်းကို ယနေ့ ဇန်နဝါရီ ၂၆ ရက် မနက် ၄ နာရီခွဲတွင် ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၉ တပ်ရင်း ၂၆ နဲ့ KPDF ပူးပေါင်းတပ်မှ ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရပါတယ်။ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ရှမ်းနီပြည်သူ့စစ်အဖွဲ့တို့ တပ်စွဲနေရာယူနေတဲ့ တပ်စခန်းကို KIA, KPDF ပူးပေါင်းတပ်မှ ဝင်ရောက်တိုက်ခိုက်ပြီး လက်နက်အချို့ကိုလည်း သိမ်းဆည်းနိုင်ခဲ့သလို တပ်စခန်း နှစ်ခုကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်အရ သိရပါတယ်။ နေ့လည် ၁၁ နာရီခန့်မှာတော့ အကြမ်းဖက် စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ် တစ်စီးဖြင့် ဆယ်ဇင်းကျေးရွာအနီးတဝိုက် ဗုံး ၂ လုံး ကြဲချမှု ရှိခဲ့ပါတယ်။ […]

နမ့်ပါချီးတွင် ကေအိုင်အေတပ်နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်ပွား

ဇန်နဝါရီ ၂၅ ရက်၊​၂၀၂၃ ခုနှစ်။ ရှမ်းပြည်နယ်မြောက်ပိုင်း (Kachin Sub-state)၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ပါချီးကျေးရွာတွင် ယနေ့ ဇန်နဝါရီ ၂၅ ရက် မနက် ၁၀ နာရီခွဲတွင် ကေအိုင်တပ်မဟာ ၄ တပ်ရင်း ၈ နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ မန်နောင်ကျေးရွာကနေ စစ်ကြောင်းထွက်လာတဲ့ အင်အား ၄၀ ပါ အကြမ်းဖက်စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာစဉ် ကေအိုင်အေပူးပေါင်းတပ်မှ နမ့်ပါချီးကျေးရွာထိပ် ပါဂျူလမ်းဆုံတဝိုက် စောင့်ကြိုတိုက်ခိုက်ပြီး နှစ်ဖက် ၁၅ မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။ နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး ၁၁ နာရီခန့်တွင် ကွတ်ခိုင် ဗျူဟာကုန်းရှိ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာနေရာဘက် လက်နက်ကြီးပစ်ခတ်မှုတွေလည်း ဆက်လက်ရှိနေခဲ့ကြောင်း သိရပါတယ်။ ယခုရက်ပိုင်းအတွင်း ကေအိုင်အေတပ်နဲ့ အကြမ်းဖက် […]

KPDF ပူပေါင်းတပ်နဲ့  အကြမ်းဖက် စစ်ကောင်စီတပ်ကြား စစ်ကိုင်းအစပ်တွင် တိုက်ပွဲပြင်းထန်နေ

ဇန်နဝါရီ ၂၅ ရက်၊​၂၀၂၃ ခုနှစ်။ ကချင်-စစ်ကိုင်းနယ်စပ် ကနီတွင် ယမန်နေ့ ဇန်နဝါရီ ၂၄ ရက်နေ့ မနက် ၈ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကချင်ဒေသကာကွယ်ရေးတပ် KPDF ကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အကြမ်းဖက် စစ်ကောင်စီတပ်က နဘားကျေးရွာအနီး စစ်ရေးလှုပ်ရှားမှု ပြုလုပ်နေချိန် KPDF ပူပေါင်းတပ်နဲ့ ထိပ်တိုက်တွေ့ဆုံခဲ့တာကြောင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တာပါ။ ယခုရက်ပိုင်းအတွင်း ကသာအထက်ပိုင်း မိုးတားလေးကျေးရွာတဝိုက် အကြမ်းဖက် စစ်ကောင်စီတပ်က စစ်အင်အားတိုးချဲ့ကာ ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းကြောင့် KPDF ပူပေါင်းတပ်နဲ့ တိုက်ပွဲပြင်းထန်နေတာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ လေကြောင်းပစ်ကူရယူကာ တိုက်ခိုက်လာခြင်းကြောင့် အရပ်သားပြည်သူသေဆုံးထိခိုက်ရရှိမှုတွေနဲ့ နေအိမ်ထိခိုက်ပျက်စီးမှုတွေလည်း ရှိနေပါတယ်။ ကေအိုင်အေတပ်မဟာ ၉ တပ်ရင်း ၆ နယ်မြေ ဖားကန့်မြို့အနီးတွင်လည်း ဇန်နဝါရီ ၂၃ ရက်နေ့ ညနေပိုင်း ၅ […]