ကေအိုင်အိုအစိုးရရဲ့ ကိုဗစ်-၁၉ ရောဂါနှိမ်နှင်းရေးအဖွဲ့ကို International Committee of the Red Cross (ICRC) အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ ပေးအပ်ထောက်ပံ့မှုကို ဇူလိုင် ၂၉ ရက်နေ့က ကေအိုင်အိုထိန်းချုပ်နယ်မြေရှိ မိုင်ဆပ်ပါနေရာမှာ ပေးအပ်ခဲ့ကြပါတယ်။ ICRC အနေဖြင့် ကေအိုင်အိုထိန်းချုပ်နယ်မြေဘက် တိုက်ရိုက်ဝင်ရောက်ကူညီခြင်းမပြုလုပ်နိုင်တာကြောင့် Peace Talk Creation Group (PCG) အဖွဲ့မှတစ်ဆင့် ကေအိုင်အိုထိန်းချုပ်နယ်မြေရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးနေရာများနဲ့ ကျန်းမာရေးစောင့်ကြည့်ခံကြသူများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ ကူညီခြင်းဖြစ်ပါတယ်။ PCG အဖွဲ့က ICRC ကိုယ်စား ကာကွယ်ရေးပစ္စည်းများ သွားရောက် ပေးပို့စဉ်တွင် မြန်မာတပ်မတော်ရဲ့ အဆင့်ဆင့် စစ်ဆေးမေးမြန်းမှုတွေ ခံခဲ့ရတယ်လို့ သိရှိရပါတယ်။ “မနေ့ကတည်းက ကျတော်တို့ ပစ္စည်းထုပ်ပိုးပြင်ဆင်မှုတွေလုပ်ချိန်မှာ ဆန်၊ မိုးကာနဲ့ထီးတွေ ပါဝင်ထားပေမယ့် […]
Category: သတင်းတို
ကဝါးပန်ကျေးရွာ နှင့် ထင်ဘိုင်လုံကျတ် အောက်ပိုင်းတစ်လျှောက်တိုက်ပွဲဖြစ်ပွား
KIA တပ်ရင်း(၂၂) မှတပ်ဖွဲ့ဝင်များနှင့် ဆွမ်ပရာဘွမ်လမ်း နမ်ခမ်းမှတက်လာသော မြန်မာ့တပ်မတော် စစ်ကြောင်း သည် ၂၀၁၈ ဖေဖော်ဝါရီ ၂၃ ရက်နေ့ နံနက် ၁၁:၅၀ မှ နေ့လည် ၁၂:၁၅ အချိန်အတွင်း ဆွမ်ပရာဘွမ်၊ ထင်ဘိုင်လုံကျတ် အောက်ပိုင်းတစ်လျှောက်တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်းသိရှိရသည်။ KIA တပ်ရင်း(၇) တပ်ဖွဲ့ဝင်များနှင့် မြန်မာ့တပ်မတော် စစ်ကြောင်း သည်လည်း ကဝါးပန်ကျေးရွာ ၌ ဖေဖော်ဝါရီ ၂၂ ရက်နေ့ နံနက် ၁၀:၁၅ တွင် တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်းသိရှိရသည်။
အပြစ်မဲ့ရွာသား (၆) ဦ်းအား ဖမ်းဆီးခေါ်ဆောင်
ပူတာအိုခရိုင်၊ နမ်ခမ်းကျေးရွာတွင်နေထိုင်သော ရွာသူရွာသားများ၏ နေအိမ်တိုင်းသို့ မြန်မာ့တပ်မတော်မှဝင်ရောက်ရှာဖွေ စစ်ဆေးပြီး နမ်ခမ်းကျေးရွာနှင့် အင်ဝိုင်းဘော် ကျေးရွာနေအပြစ်မဲ့ရွာသား (၆) ဦ်းအား ၂၀၁၈ ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ပူတာအိုသို့ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရှိရသည်။ တနိုင်းသို့ ၂၀၁၈ ဖေဖော်ဝါရီ ၂၁ ရက်နေ့ ည ၉း၀၆ အချိန်တွင် စက်လှေဖြင့်ရောက်လာသော အောင်လောက် ရွာသားဦးဇော်ဝင်းထံမှ ငွေ (၁၀၀၀၀၀) ကျပ် ကို ခ.လ.ရ (၈၆) မှတပ်မတော်သား (၄) ဦးသည် ဆိုင်းတောင်နယ်မြေအနီးတွင် တောင်းယူပြီး ၊ ဒါဗီမြစ်ကမ်းတစ်ဝိုက်ရှိ ပြည်သူ.စစ် အဖွဲ့သားများဟုခန့်မှန်းရသူများ ထံမှငွေ (၂၀၀၀၀၀) ကျပ် ကိုလဲ ထပ်မံတောင်းယူ သွားကြောင်း သိရှိရသည်.
အသင်းတော်မှ ဦးဆောင်၍ တောရှင်း၊ ချုံနွယ်များသုတ်သင် ရှင်းလင်း နေ
တနိုင်းတွင်စစ်ဘေးရှောင်အိမ်ထောင်စု(၄၀ ) ခန့်အား ဆွမ်ဘွီယန်ခရိုင် ပါနက်ကျေးရွာသို့ ပြောင်းရွေ့နေရာချထားနိုင်ရန်အတွက် ၂၀၁၈ ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် ခရစ်ယန် အသင်းတော်မှသင်းအုပ်ဆရာ၊ဓမ္မအမှုတော်ဆောင်များနှင့်ကျေးရွာကော်မတီမှတာဝန်ရှိသူများမှ ဦးဆောင်၍ တောရှင်းခြင်း၊ ချုံနွယ်များသုတ်သင် ရှင်းလင်း နေကြောင်းသိရှိရသည်။
မြစ်ကြီးနားတွင် မူခင်း ဖြစ်ပွားမူ နှုန်းမြင့်တက်
လွတ်ငြိမ်း ချမ်းသာခွင့် ပေးလိုက်သည့် အောက်တိုဘာလ ၁၃ ရက်နေ့ နောက်ပိုင်းမှ စတင်ကာ မြစ်ကြီးနားမြို့တွင် မူခင်းဖြစ်ပွားမူနှုန်း သိသိသာသာ မြင့်တက်လာကြောင်း သိရသည်။ နေ့လည်နေ့ခင်း လမ်းမများတွင် ပိုက်ဆံအိတ်နှိုက်၊ ဆွဲကြိုးဖြတ်၊ အလစ်သုတ် မူများ မကြာ ခဏဖြစ်ပွားလာကြောင်း မြို့ခံများက ဆိုသည်။ အောက်တိုဘာလ ၂၅ ရက်နေ့တွင်လည်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြေမြင့်ရပ်ကွက် ရှိ ၉၉၉ အုတ်လုပ်ငန်း ပိုင်ရှင်၏ နေအိမ်ကို မနက် ၁ နာရီဝန်းကျင်တွင် ဓမြတိုက်ခဲ့ ကြောင်းသိရသည်။ လတ်တလောတွင် အိမ်တွင်းသို့ ၀င်ရောက်ဓမြတိုက်မူ များလည်း မြင့်တက် လာကြောင်းသိရသည်။ လွတ်ငြိမ်း ချမ်းသာခွင့် ပေးလိုက်သည့် အကျဉ်းသား ခြောက်ထောင်ကျော်တွင် နိုင်ငံရေးအကျဉ်းသား ၂၀၀ ၀န်းကျင်သာရှိပြီး အများစုမှာ ခိုး၊ ဆိုး၊ နှိုက်လူသတ် ရာဇ၀တ်မူ ကြောင့် ပြစ်ဒဏ်ခံ ရသူများဖြစ်သည်။