ဇွန်လ ၁၇ ရက်၊ ၂၀၂၃ ခုနှစ်။ ဝိုင်းမော်မြို့နယ်၊ နမ်ဆန်ယန်ကျေးရွာအနီးယမန်နေ့ ဇွန်လ ၁၆ ရက်နေ့ ညနေပိုင်း ၂ နာရီခန့်တွင် ကေအိုင်အေတပ်မဟာ ၅ နယ်မြေဘက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ အကြမ်းဖက် စစ်ကောင်စီတပ် စကခ (၁၀၃)တပ်က လွယ်လုံတောင်ဘက်ကနေ နမ်ဆန်တံတားဘက် စစ်ကြောင်းထွက်လာစဉ် ကေအိုင်အေတပ်မှ ကြားဖြတ် တိုက်ခိုက်ပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရပါတယ်။ အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ အဆိုပါအကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းက လက်ရှိတွင် နမ်ဆန်ယန်ကျေးရွာနဲ့ အနီီးဝန်းကျင်ဘက် ဆက်လက်ထိုးစစ်ဆင် စစ်ကြောင်းလှုပ်ရှားနေခြင်းကြောင့် နှစ်ဖက်ထိတွေ့မှုတွေ ရှိလာနိုင်သေးကြောင်း ဒေသခံများက ယူဆနေကြပါတယ်။ ကေအိုင်အေတပ်မဟာ ၂ တပ်ရင်း ၁၄ ဘက်မှာတော့ ယနေ့ […]
Category: သတင်းများ
မန်ဂျယ်ပြည်သူ့စစ်တာဝန်ခံတစ်ဦး မူဆယ်တွင် သတ်ဖြတ်ခံရ
ဇွန်လ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်။ ရှမ်းပြည်နဘ်မြောက်ပိုင်း မူဆယ်စက်မှုဇန်ရပ်ကွက် စားသောက်ဆိုင်တစ်ဆိုင်တွင် ယနေ့ ဇွန်လ ၁၆ ရက်နေ့က မန်ဂျယ်ပြည်သူ့စစ်တာဝန်ခံတစ်ဦး ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများထံမှ သိရပါတယ်။ သတ်ဖြတ်ခံရသူက မန်ဂျယ်ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ တပည့်ဖြစ်ကာ မူဆယ်စက်မှုဇန်ရပ်ကွက်ရှိ ဂိတ်တွင် ဂိတ်အဝင်အထွက် စောင့်ကြည့်တာဝန်ကို ယူဆောင်ထားသူဖြစ်ကြောင်း သိရပါတယ်။ အသက် ၅၀ အရွယ် အဆိုပါ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ဦးကိုလေးကို ပစ်သတ်သွားသူက မည်သူဖြစ်ကြောင်းကို မသိရှိရသေးပေမယ့် ဒေသခံအချို့ကတော့ အဖွဲ့အချင်းချင်း လုပ်ကြံသတ်ဖြတ်သွားတာဖြစ်နိုင်ကြောင်း သုံးသပ်နေကြပါတယ်။ အဆိုပါစက်မှုဇုန်ရပ်ကွက်တွင် လွန်ခဲ့သောလကလည်း လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦးလည်း သတ်ဖြတ်ခံလိုက်ရမှု ရှိခဲ့ပါသေးတယ်။
လားရှို့မြို့ပေါ် စစ်ရှောင်လာသူများ အကူအညီအရေးတကြီးလိုအပ်လာ
ဇွန်လ ၁၄ ရက်၊ ၂၀၂၃ ခုနှစ်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှို့မြို့အနီး ကိုးကန့်တပ်မတော် (MNDAA) နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကြား ဇွန်လ ၁၁ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် မန်ဘန်ကျေးရွာဒေသခံများက ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။ အဆိုပါ တိုက်ပွဲဖြစ်စဉ်တွင် ကလေးမိခင်တစ်ဦးသေဆုံးခဲ့ရပြီး ကလေးငယ်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ လူနေအိမ်အချို့လည်း ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။ လားရှို့မြို့ပေါ် စစ်ဘေးရှောင်လာတဲ့ မန်ဘန်ဒေသခံများက လက်ရှိအခက်အခဲပေါင်းစုံဖြင့် နေထိုင်စားဝတ်ရေးအတွက် လိုအပ်ချက်တွေရှိလာကြကြောင်း ပြောပါတယ်။ စစ်ဘေးရှောင်ပြည်သူများက နီးစပ်ရာ ဆွေမျိုးအိမ်၊ ဘုရားကျောင်းဝင်းများတွင် ခိုလှုံနေကြတာဖြစ်ပြီး အခြေခံစားသုံးကုန်နဲ့ ဆေးဝါးများ အရေးတကြီးလိုအပ်နေကြောင်း သိရပါတယ်။ လက်တလောလိုအပ်ချက်အချို့ကို အသင်းတော်များက ကူညီနေကြတာဖြစ်ပေမယ့် ရေရှည်တွင် ကူညီထောက်ပံ့ရေး အစားအသောက်များ ပျက်လျှက်သွားမှာကိုလည်း စိုးရိမ်ကြောင်း စစ်ဘေးရှောင်ပြည်သူများထံမှ သိရပါတယ်။ စစ်ဘေးရှောင်ပြည်သူများရဲ့ ကျေးရွာအနီးတွင် […]
ဖားကန့်တွင် ပြည်သူ ၁ ဦးကိုသတ်ဖြတ်ပြီး ၂ ဦးကို အကြမ်းဖက် စစ်ကောင်စီဖမ်းဆီးသွား
ဇွန်လ ၉ ရက်၊ ၂၀၂၃ ခုနှစ်။ ဖားကန့်မြို့၊ ဆန်းကြွယ် မှော်တောင်းကျေးရွာတွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ ဦးသိန်း နေအိမ်ကို ပစ်ခတ်စီးနင်းမှု ပြုလုပ်ပြီး ပြည်သူ ၁ ဦးသေဆုံးကာ ၂ ဦးဖမ်းဆီးခံလိုက်ရကြောင်း သိရပါတယ်။ ဦးသိန်းနေအိမ်ကို အကြမ်းဖက် စစ်ကောင်စီတပ်မှ အင်အား ၃၀ ခန့်ဖြင့် ဇွန်လ ၈ ရက်နေ့ ညနေပိုင်း ၄ နာရီခန့်တွင် ဝင်ရောက်စီးနင်းလာတာကြောင့် နေအိမ်အတွင်းရှိနေတဲ့ ၃ ဦးထဲမှ တစ်ဦးဖြစ်တဲ့ ကိုမောင်အေး ထွက်ပြေးစဉ် ပစ်ခတ်ခံလိုက်ရခြင်းကြောင့် သေဆုံးသွားခဲ့ကာ ကိုသိန်းနဲ့ ကိုမြင့်လွင်တို့ ၂ ဦး ဖမ်းဆီးခံလိုက်ရပါတယ်။ ဒေသကာကွယ်ရေးတပ်များကို ထောက်ပို့ လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံလိုက်ရသူ ၂ ဦးကို အကြမ်းဖက် စစ်ကောင်စီတပ်က […]
ကချင်ဒေသ တကျော့ပြန်တိုက်ပွဲ ၁၂ နှစ်ပြည့်နေ့တွင် KIA နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကြား ကွတ်ခိုင်အနီးတိုက်ပွဲဖြစ်ပွားခဲ့
ဇွန် ၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကချင်ဒေသ တစ်ကျော့ပြန်တိုက်ပွဲဖြစ်ပွားခြင်း ၁၂ နှစ်ပြည့်တဲ့ ယနေ့ ဇူလိုင် ၉ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့၊ နောင်ဆွေကျေးရွာအနီးတွင် နံနက်ပိုင်း ၁၀ နာရီကစတင်ပြီး ကေအိုင်အေတပ်မဟာ (၄) တပ်ရင်း ၃၉ နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်မ ၉၉ ကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ အဆိုပါအကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းက ကွတ်ခိုင် ဗျူဟာကုန်းမှ အေးရှားဝေါဂိတ်တွင် လာရောက်ပို့ဆောင်ထားတဲ့ စစ်ကြောင်းဖြစ်ပြီး ပြည်ထောင်စုလမ်းမအတိုင်း ခြေလျင်စစ်ကြောင်းသွားလာကာ ကေအိုင်အေနယ်မြေဘက် နီးစပ်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ကေအိုင်အေတပ်ရဲ့ ကြားဖြတ်တိုက်ခိုက်ခြင်းကိုခံလိုက်ရတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း တိုက်ပွဲနဲ့ နီးကပ်စွာ ခရီးသွားလာခဲ့သူများထံမှ သိရှိရပါတယ်။ ထို့အပြင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နဲ့ […]