လွမ်းမောဖွယ် အလှမှ ရင်မောဖွယ် ဘဝသို့

လှပသော ရှုခင်းကို ကြည့်ရှုရခြင်းသည် ရင်သပ်ရှုမောဖွယ် ရသ ကို ခံစားစေနိုင်သကဲ့သို့ လွမ်းမောဖွယ်ခံစား ချက်များကိုလည်းပေးစွမ်းနိုင်သည်။ ဧရာဝတီမြစ်၏ အလှဆုံးနေရာဖြစ်သော မြစ်ဆုံသည် မြစ်ကြီးနားမြိ ု ့ မှ ၂၈ မိုင်သာ ဝေးသည် ဖြစ်၍ ရင်မောချင်သူ၊ လွမ်းမောချင်သူ ပြည်တွင်းပြည်ပ ဧည့်သည်များသည် ကျောက်တုံးကျောက်ဆောင်များ ကြားမှ လှိုင်းတံပိုးနှင့် အရှိန်အဟုန်ပြင်းထန်စွာ စီးဆင်းသည့် မြစ်ဆုံသိုု့သွားရောက်ကြသည်။ ယခု တည်ဆောက်လျက်ရှိသောမြစ်ဆုံရေကာတာ စီမံကိန်းအတွက် အသုံးပြုမည့် ဆောက်လုပ်ရေးပစ္စည်းများ တင်သွင်းလျက်ရှိသည့် ကန်ပိုက်တီလမ်းကို ကေအိုင်အေမှ ပိတ်ဆို့တားဆီးခဲ့ပါက မြစ်ကြီးနားမြို့ပေါ်ရှိ ကုန်မာဆိုင်များမှ တွေ့ကရာဘိလပ်မြေများ၊ မြန်မာပြည်ထုတ်သံများကို အသုံးချကာ ဆက်လက်တည်ဆောက် သွားမည်ဟု ယူဆရသည်။ ထိုသို့ကုန်မာဆိုင်မှ ဘိလပ်မြေများ၊ သံများကို အသုံးပြ၍ တည်ဆောက် မည်ဆိုလျင် ရေကာတာ၏ ရေရှည်ခိုင်ခံ့မှုကို […]

လွတ်လပ်ရေးရပြီး တောင်ပေါ်သားများ ရရှိသော ဒီမိုကရေစီ

၁၉၅၁-၅၂ တွင် ပြုလုပ်သော အထွေထွေရွေးကောက်ပွဲကြီးတွင် ကချင်ပြည်နယ်၌ ယှဉ်ပြိုင်အရွေး ခံသော အဖွဲ့အစည်းပေါင်း ၄ ဖွဲ့ရှိရာ ကချင်အမျိုးသားကွန်ဂရက်အဖွဲ့သည် အားလုံးသော အဖွဲ့များထက် အများဆုံးရရှိကြ၏။ ထို့ကြောင့် အမျိုးသားကွန်ဂရက် အဖွဲ့ဝင်များနှင့် အမတ်များ၏ ယုံကြည်ချက်မှာ ပြည်နယ်၏ အုပ်ချုပ်မှုအာဏာကို မိမိတို့က ရရှိလိမ့်မည်ဟု ယုံကြည်ခဲ့ကြ၏။ ယုံကြည်ခဲ့သည့်အလျောက် ဖဆပလ အဖွဲ့မှ အရွေးခံသော ဖဆပလ အမတ်ငါးယောက်အား တွေ့ဆုံ၍ မိမိတို့နှင့် ပူးပေါင်း၍ အစိုးရဖွဲ့ရန် စေ့စပ်တော့၏။ ပြည်နယ်တွင် ဖဆပလ အဖွဲ့ဝင်များသည်လည်း ကေအင်စီ အဖွဲ့နှင့်သာ ပူးပေါင်းလိုကြောင်း၊ ကေအင်စီအဖွဲ့၏ ဝါဒလမ်းစဉ်သည် ဖဆပလ အဖွဲ့ချုပ်ကြီးက ချမှတ်သော လမ်းစဉ်နှင့် ဝါဒအတိုင်းဖြစ်ကြောင်း၊ ထို့ကြောင့် ကချင်ပြည်နယ် အစိုးရဖွဲ့ရေးတွင် ကေအင်စီနှင့် ပေါင်းမည်ဖြစ်ကြောင်း ပြောပြကြ၏။ ၁၉၅၂ […]

မပြောမပြီး မတီးမမြည်

မပြောမပြီး မတီးမမြည် ဆိုသလိုပဲ ဆိတ်ဆိတ်နေရမယ့် အချိန်ရှိသလို ထုတ်ပြောရမယ့် အချိန်လည်း ရှိတယ်ဆိုတော့ ရှင်းဖို့လိုတာကိုရှင်းသင့်ပြီထင်လို့ ဒီစာစုလေး ရေးဖြစ်သွားကြောင်းပါ။ ဒီစာစုလေးရဲ့ ခေါင်းစဉ်နဲ့ပဲ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်လိုက်ပါတယ်။ “ကျနော် အစွန်းရောက်နေပါသလား” ဟုတ်ကဲ့ ကျနော် အစွန်းရောက်နေပါတယ် လို့ ဖြေပါ့မယ်။ ဘယ်အရာမှာ အစွန်းရောက်နေသလဲဆိုတော့ စိတ်ဆင်းရဲ နာကျင်မှုမှာ အစွန်းရောက်နေတာပါ။ ဟုတ်ပါတယ်။ ကျနော့်လူမျိုး တိုင်းတပါးသားတွေကျူးကျော်စော်ကား တိုက်ခိုက်တာခံနေရလို့ စိတ်နာကျင်ခံစားနေရပါတယ်… တိုင်းတပါးသားလို့ သုံးနှုံးလိုက်လို့ အပြစ်မြင် မစောလိုက်ပါနဲ့ဦး။ ကျနော် ရှင်းပါ့မယ်. ဒါကို ရှင်းဖို့ အတွက် ကိုယ့်ကိုယ်ကို နောက်ထပ် မေးခွန်းတစ်ခု ထပ်မေးပါ့မယ်။ ကျနော် ဗမာ မုန်းပါသလား။ မမုန်းပါဘူး.။ ဗမာ မှ မဟုတ် ဘယ်လူမျိုး၊ ဘယ်ဘာသာဝင်ကိုမှ မမုန်းပါဘူး။ […]

ဘရန်ရှောင်ကိုလွတ်ပေးပါ

မျက်နှာတွင် မီးစဖြင့်ထိုးထားသည့် ဒဏ်ရာများ၊ ဖူးယောင်နေသည့် မျက်နှာပြင်၊ တိရိစ္ဆာန်သဖွယ်ကြိုးနှင့်ဆွဲ ကာခေါ်လာသည့် ခင်ပွန်းဖြစ်သူ ဘရန်ရှောင်ကို မြင်လိုက်ရ၍ ဇနီးဖြစ်သူ မဇီးညွယ်  မေ့လဲသွားသည်။ ဇနီးဖြစ် သူသာမက ဂျန်မိုင်ကောင့် စစ်ပြေးဒုက္ခသည်စခန်းတခုလုံးလည်း ထိတ်လန့် ဝမ်းနည်းခြင်း များနှင့် လွမ်းခြုံသွားသည်။  ဘရန်ရှောင်ဖမ်းခံရပြီး နှစ်ရက်အကြာ ဇွန်လ ၁၉ ရက်တွင် ဒုက္ခသည်စခန်းသို့ ခြိမ်းခြောက်ပြသခဲ့သည်။ ပေါက်ကွဲ ၃ ဖြင့် ဇွန်လ ၁၇ ရက်နေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ဂျန်မိုင်ကောင့် ဒုက္ခသည်စခန်းမှ ဘရန်ရှောင်ကို စရဖ နှင့် အမှတ် ၁ ရဲစခန်းမှ စခန်းမှူးတို့ကလာရောက် ဖမ်းဆီးသွားခဲ့သည်။ ကေအိုင်အေ မှ ဗိုလ်ကြီးအဖြစ် ၂၀၁၂ ခုနှစ် ဇွန်လ ၂၃ ရက်နေ့ ရတနာပုံသတင်းစာတွင် […]