TNLA/PSLF အား ထာဝရမဟာမိတ် အဖြစ် ဆက်လက်သပ်မှတ်သင့်ပါသလား?

Photo credit: PSLF/TNLA Information Dept. နိဒါန်း မြောက်များစွာသော ကချင်လူမျိုးများသည် လက်ရှိ မြန်မာ နိုင်ငံ၏ ရှမ်းပြည်မြောက်ပိုင်း (ကချင်များ အခေါ် မုန်မြစ်ဆင်လီ – Mungmyit Sinli) တွင် ရာစုနှစ်မြောက်များစွာ ကတည်းကပင် နေထိုင်လာခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။ ထို့ကြောင့် ထိုဒေသသည်၊ ကချင်ပြည်နယ်ပြီးလျှင် ကချင်လူမျိုးများ၏ ဘိုးစဥ်ဘောင်ဆက်နေထိုင်ခဲ့သော ဇာတိချက်ကျွေ  မူရင်း ဒေသဖြစ်သည်။ ၁၉၄၆-၄၇ ခုစ်နှစ်များတွင် ဗြိတိသျှ အစိုးရမှ Kachin Sub-State အဖြစ် တရားဝင် သတ်မှတ်ပေးခဲ့သည့် အထောက်အထားများလည်းရှိသည်။ ထိုနည်းတူစွာ၊ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်း၊ ရှမ်းပြည်နယ် အစိုးရမှလည်း ဤဒေသကို ဗြိတိသျှ အစိုးရမှ Kachin Sub-State အဖြစ်သပ်မှတ်ခြင်းကို ၁၉၄၈ ခုနှစ် ဇူလိုင်လ ၆ […]

သမိုင်းအမှားမခံကြစေလို

လူမျိုးတစ်မျိုးရဲ့သမိုင်းကြောင်းကို မှားယွင်းစွာဖော်ပြခြင်းက ထိုလူမျိုးများကို အလေးမထားခြင်း လေးစားမှုမရှိခြင်းကြောင့်ပဲဖြစ်ပါတယ်။ ယနေ့ကချင်လူမျိုးများရဲ့ သမိုင်းကြောင်းနဲ့အမည်နာမများကို ခေတ်အဆက်ဆက် မမှန်မကန်ရေးသားခြင်းနဲ့ သင်ကြားခြင်းခံနေရတဲ့အချိန်ဖြစ်နေပါတယ်။ မြန်မာနိုင်ငံ အခြေခံပညာကျောင်းအတွက် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် အသစ်ပြဌါန်းလိုက်တဲ့ သတ္တမတန်း ပထဝီကျောင်းသုံးစာအုပ်မှာ ကချင်လူမျိုးများရဲ့ သမိုင်းကြောင်းနဲ့ အမည်နာမ မှားယွင်းစွာဖော်ပြထားမှုကို အဖွဲ့အစည်းများစွာက ထောက်ပြဝေဖန်ခဲ့ကြပါတယ်။ ဒီ သတ္တမတန်းသင်ရိုးညွှန်းတမ်းမှာ ကချင်လူမျိုးများတွင် မျိုးနွယ်စု ၁၂ စုရှိကြောင်းဖော်ပြထားတဲ့အထဲမှာ ကချင်၊ တဂုံ၊ ဒလောင်၊ ဂျိန်းဖေါ့၊ ဂေါ်ရီ၊ ခကူး၊ ဒုရင်း၊ မရူ(လောဂီ)၊ ရဝမ်၊ လရှီ(လာချစ်)၊ အကီးနှင့်လီဆူး ဆိုပြီး စားလုံးပေါင်းအမှား၊ မျိုးနွယ်စုအမှားများစွာဖြင့် ဖော်ပြထားကြပါတယ်။ ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့အနေဖြင့် ကချင်လူမျိုးများရဲ့ သမိုင်းကြောင်းနဲ့အမည်နာမ မှားယွင်းစွာအသုံးပြုမှု ပြောင်းလဲပေးဖို့ အစိုးရအဆက်ဆက်တင်ပြမှုတွေရှိခဲ့ပေမယ့် ယနေ့အချိန်ထိ တစ်စုံတစ်ရာပြုပြင်ပြောင်းလဲပေးခြင်းမရှိတဲ့အပြင် အခြေခံပညာ သတ္တမတန်းရဲ့ ၂၀၂၀-၂၀၂၁ […]

ဗမာ/မြန်မာနိုင်ငံ၏ တိုင်းရင်းသားပြည်နယ်များ၌ဖြစ်ပွားနေသော ပြည်တွင်းစစ်၏ ရေသောက်မြစ်

လက်ရှိချိန်ထိ မြန်မာနိုင်ငံ၏ တိုင်းရင်းသားပြည်နယ်များတွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့များကြား ဖြစ်ပွားနေသည့် စစ်ပွဲများသည် နှစ်ပေါင်း (၇၀) ကျော်လာပြီဖြစ်သည်။ သို့သော်၊ စစ်ပွဲများ ချုပ်ငြိမ်းသွားမည့်လမ်းစသည် ပို၍ပင်ဝေးကွာလာနေသည်ဟု သုံးသပ်ရမည်ဖြစ်သည်။ ဥပမာ၊ စစ်အစိုးရလက်ထက် ရေးဆွဲထားသော ၂၀၀၈ အခြေခံဥပဒေဖြင့် ၂၀၁၁ ခုနှစ်တွင် တက်လာသည့် ဗိုလ်ချုပ် တစ်ဖြစ်လဲ သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်တွင် တပ်မတော် နှင့် ကချင်တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်သည့် KIA   တို့ကြား ကြီးမားသည့်စစ်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ရာ တိုက်ပွဲများ ယနေ့ချိန်ထိရပ်တန့်မသွားပေ။ ဤတိုက်ပွဲများကြောင့်၊ ၁၉၉၄ ခုနှစ်တွင် အာဏာသိမ်း စစ်အစိုးရ နှင့် KIO အကြား လက်မှတ်ရေးထိုးကာ အပစ်အခတ်ရပ်စဲနိုင်ခဲ့သော ငြိမ်းချမ်းရေးသည်လည်း ပျက်ပြယ်ခဲ့ရသည်။ ၄င်းစစ်ပွဲများကြောင့် ကချင် […]

လွမ်းမောဖွယ် အလှမှ ရင်မောဖွယ် ဘဝသို့

လှပသော ရှုခင်းကို ကြည့်ရှုရခြင်းသည် ရင်သပ်ရှုမောဖွယ် ရသ ကို ခံစားစေနိုင်သကဲ့သို့ လွမ်းမောဖွယ်ခံစား ချက်များကိုလည်းပေးစွမ်းနိုင်သည်။ ဧရာဝတီမြစ်၏ အလှဆုံးနေရာဖြစ်သော မြစ်ဆုံသည် မြစ်ကြီးနားမြိ ု ့ မှ ၂၈ မိုင်သာ ဝေးသည် ဖြစ်၍ ရင်မောချင်သူ၊ လွမ်းမောချင်သူ ပြည်တွင်းပြည်ပ ဧည့်သည်များသည် ကျောက်တုံးကျောက်ဆောင်များ ကြားမှ လှိုင်းတံပိုးနှင့် အရှိန်အဟုန်ပြင်းထန်စွာ စီးဆင်းသည့် မြစ်ဆုံသိုု့သွားရောက်ကြသည်။ ယခု တည်ဆောက်လျက်ရှိသောမြစ်ဆုံရေကာတာ စီမံကိန်းအတွက် အသုံးပြုမည့် ဆောက်လုပ်ရေးပစ္စည်းများ တင်သွင်းလျက်ရှိသည့် ကန်ပိုက်တီလမ်းကို ကေအိုင်အေမှ ပိတ်ဆို့တားဆီးခဲ့ပါက မြစ်ကြီးနားမြို့ပေါ်ရှိ ကုန်မာဆိုင်များမှ တွေ့ကရာဘိလပ်မြေများ၊ မြန်မာပြည်ထုတ်သံများကို အသုံးချကာ ဆက်လက်တည်ဆောက် သွားမည်ဟု ယူဆရသည်။ ထိုသို့ကုန်မာဆိုင်မှ ဘိလပ်မြေများ၊ သံများကို အသုံးပြ၍ တည်ဆောက် မည်ဆိုလျင် ရေကာတာ၏ ရေရှည်ခိုင်ခံ့မှုကို […]

လွတ်လပ်ရေးရပြီး တောင်ပေါ်သားများ ရရှိသော ဒီမိုကရေစီ

၁၉၅၁-၅၂ တွင် ပြုလုပ်သော အထွေထွေရွေးကောက်ပွဲကြီးတွင် ကချင်ပြည်နယ်၌ ယှဉ်ပြိုင်အရွေး ခံသော အဖွဲ့အစည်းပေါင်း ၄ ဖွဲ့ရှိရာ ကချင်အမျိုးသားကွန်ဂရက်အဖွဲ့သည် အားလုံးသော အဖွဲ့များထက် အများဆုံးရရှိကြ၏။ ထို့ကြောင့် အမျိုးသားကွန်ဂရက် အဖွဲ့ဝင်များနှင့် အမတ်များ၏ ယုံကြည်ချက်မှာ ပြည်နယ်၏ အုပ်ချုပ်မှုအာဏာကို မိမိတို့က ရရှိလိမ့်မည်ဟု ယုံကြည်ခဲ့ကြ၏။ ယုံကြည်ခဲ့သည့်အလျောက် ဖဆပလ အဖွဲ့မှ အရွေးခံသော ဖဆပလ အမတ်ငါးယောက်အား တွေ့ဆုံ၍ မိမိတို့နှင့် ပူးပေါင်း၍ အစိုးရဖွဲ့ရန် စေ့စပ်တော့၏။ ပြည်နယ်တွင် ဖဆပလ အဖွဲ့ဝင်များသည်လည်း ကေအင်စီ အဖွဲ့နှင့်သာ ပူးပေါင်းလိုကြောင်း၊ ကေအင်စီအဖွဲ့၏ ဝါဒလမ်းစဉ်သည် ဖဆပလ အဖွဲ့ချုပ်ကြီးက ချမှတ်သော လမ်းစဉ်နှင့် ဝါဒအတိုင်းဖြစ်ကြောင်း၊ ထို့ကြောင့် ကချင်ပြည်နယ် အစိုးရဖွဲ့ရေးတွင် ကေအင်စီနှင့် ပေါင်းမည်ဖြစ်ကြောင်း ပြောပြကြ၏။ ၁၉၅၂ […]