Kachin Development Group အဖွဲ့ကနေ ဦးဆောင်ပြီး စိတ်ပိုင်းဆိုင်ရာ သင်တန်းပို့ချမှုကို စက်တင်ဘာ ၈ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ လိုင်ဇာမြို့နယ် လိုင်ဇာဟိုတယ်မှာ ပြုလုပ်နေပါတယ်။
သင်တန်းပို့ချမှုကိုတော့ KDG အဖွဲ့ထဲမှ Gaw Ningja အဖွဲ့သားများ နဲ့ ပါဝင်ကူညီနေသူများကို လက်တွေ့လုပ်ဆောင်သောအားဖြင့် စစ်ဘေးရှောင်စခန်းများတွင် Gaw Ningja များနဲ့ တွေ့ဆုံဆွေးနွေးချိန် ခံစားချက်များ၊ စိတ်သောကရောက်နေရမှုများကို ပြောဆိုချိန် ဘယ်လိုဘယ်ပုံနားဆင်ပေးရမည့်အရာများကို သင်ကြားခဲ့ကြပါတယ်။
မတူညီသော မသန်စွမ်းသူများနဲ့ ပြောဆိုဆက်ဆံရာတွင် စေတနာ့ဝန်ထမ်းများအနေဖြင့် သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာကုစားရာတွင် ဆေးဝါးထက်ပိုမိုကောင်းမွန်စေတဲ့ ပြောဆိုဆက်ဆံပြီး စိတ်ဓာတ်ခိုင်မာစေဖို့ အကျိုးဖြစ်ထွန်းလာစေအောင် ရည်ရွယ်ပြီးလုပ်ဆောင်ပေးခြင်းဖြစ်တယ်လို့ ပရောဂျက်တာဝန်ခံ ဆရာမဂျာအောင် ကပြောပါတယ်။
KDG အဖွဲ့ရဲ့ မတူညီသော မသန်စွမ်းသူများ Gaw Ningja နဲ့သက်ဆိုင်တဲ့ ပရောဂျက်အဖြစ် နေရာ (၁၀) ခုကိုလုပ်ဆောင်နေတာဖြစ်ပြီး ဂျဲယန်၊ ဖွန်လွန်ယန်၊ ဝှေကျိုင်၊ ပါ့ဂျောင်၊ ရှအစ်ယန် စတဲ့စစ်ဘေးရှောင်စခန်း၊ လိုင်ဇာမြို့နဲ့ မုန်းဆိုင်ယန်ကျေးရွာအပြင် အရှေ့ပိုင်းဒေသရှိ မိုင်ဂျာယန်၊ အင်ခေါင်းပါ နဲ့ ပါကထောင်စစ်ဘေးရှောင်စခန်းရှိ စေတနာ့ဝန်ထမ်းများ ၂၉ ဦးအထိ လာရောက်သင်ယူခဲ့ကြပါတယ်။