ဗန်းမော်ခရိုင်အတွင်းရှိ ဘွမ်ပရီတောင်တွင်နေရာယူထားသော ကေအိုင်အေအမှတ်(၁)တပ်ရင်းရှိရာသို့ မြန်မာစစ်တပ်မှ ဆက်လက်ထိုးစစ်ဆင်နေမူကြောင့် ဧပြီလ(၃)ရက် နံနက်၁၀နာရီအချိန်တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။ ဒမ်ဆပါမှတက်လာသောမြန်မာစစ်တပ်မှကေအိုင်အေတပ်ရင်း(၁) တပ်ဖွဲ့ဝင်များအား ဧပြီလ(၁)ရက် နေ့လည်၁း၁၀နာရီအချိန်မှစတင်ပြီး ချုံခိုတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
ဆက်လက်၍ မြစ်ကြီးနားခရိုင် ဒွမ်ဘုန်ကျေးရွာစာသင်ကျောင်းတွင်ရောက်ရှိနေသော ခ.လ.ရ(၂၉ ၈)တပ်မှမြန်မာစစ်သားအင်အား(၃၀)ကျော်နှင့် ကေအိုင်အေ အမှတ်(၁၁)တပ်ရင်းတို့ ဧပြီလ(၂)ရက် ညနေ ၆း၄၀-၇း၀၅နာရီအတွင်း တိုက်ပြွဲဖစ်ပွားခဲ့ကြောင်းသိရှိရသည်။ ခ.လ.ရ(၂၉၈) တပ်ဖွဲ့ဝင်များသည် ဧပြီလ(၂)ရက် နေ့လည် ၁၁း၃၀နာရီခန့်မှစ၍ ဘွမ်ဘုန်မြစ်ရိုးအောက်ခြေမှတစ်ဆင့် တင်းရတ်မြစ်ဆုံတံတားတစ်လျှောက်သွားလာလှုပ်ရှားနေကြောင်းဆက်လက်သိရှိရပါသည်။
မုံးစီးခရိုင် လွယ်ဆိုင်ကျေးရွာအနီးတွင်လည်း မ.ဟ.ဟ အမှတ် (၂)တပ်ရင်းမှတပ်ဖွဲ့်ဝင်များနှင့် မြန်မာစစ်တပ်အင်အား (၅၀)ခန့် ဧပြီလ(၁)ရက် နံနက်၁၀း၁၅နာရီအချိန်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။
လွန်ခဲ့သောမတ်လ ၃၁ ရက်ည ၁၁း၁၅ အချိန်တွင် ဟူးကောင်းခရိုင် တွမ်မရိကျေးရွာရှိ ကေအိုင်အိုခရိုင်ရုံးတွင်တပ်စွဲနေရာယူထားသောမြန်မာစစ်တပ်အား ကေအိုင်အေတပ်ရင်း (၁၄)တပ်ဖွဲ့ဝင်များမှ အာပီဂျီ၊ကရလ၊၇၉မမ၊စက်သေနတ်များဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်းသတင်းရရှိသည်။ မြန်မာစစ်တပ်မှလည်း မော်တာ၊ စက်သေနတ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်းသိရှိရသည်။