ကချင်ဓမ္မတက္ကသိုလ် (KTCS) ရဲ့ (၇၁) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့ မေလ ၈ ရက်နေ့က မြစ်ကြီးနားမြို့ နောင်းနန်ကျေးရွာရှိ KTCS ကျောင်းခန်းမတွင် ပြုလုပ်ခဲ့ပါတယ်။

၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ကျောင်းဆင်းနိုင်ခဲ့သူ (၃၁၆) ဦးရှိကာ ကျောင်းသားအများစုက မိဘဆွေးမျိုးများနဲ့အတူ ဘွဲ့နှင်းသဘင်ကို ပါဝင်နိုင်ခဲ့ပေမယ့့် အချို့သော ကျောင်းသားများက ခရီးသွားလာရေးခက်ခဲတာကြောင့် အဝေးရောက်ဘွဲ့ယူခြင်းဖြင့် ပါဝင်ခဲ့ကြပါတယ်။
“ဒီနှစ်မှာ အောင်မြင်တဲ့ကျောင်းသား (၁၀) ဦးကတော့ နိုင်ငံရေးအခြေအနေအရပ်ရပ်ကြောင့် ခရီးသွားလာရေးခက်ခဲတော့ မတက်ရောက်နိုင်ခဲ့ဘူး၊ ယခုနှစ်ကတော့ နိုင်ငံရေးမကောင်းတော့ ယခင်နှစ်တွေကလို စည်စည်ကားကားကြီးတော့ မပြုလုပ်နိုင်ခဲ့ဘူး” လို့ ကျောင်းသားခေါင်းဆောင် ဇော်ခွန်းအောင် ကပြောပါတယ်။
ဒီဘွဲ့နှင်းသဘင်အခမ်းအနားမှာတော့ နောင်းနန်ဓမ္မတက္ကသိုလ်ကျောင်းမှ ကျောင်းဆင်းပြီး သာသနာလုပ်ငန်းကို (၂၅) နှစ် နဲ့ နှစ် (၅၀) တိုင်းတိုင်း တာဝန်ထမ်းဆောင်ခဲ့သူများကို အသိအမှတ်ပြု ဂုဏ်ပြုချီးမြင့်ခဲ့သလို ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ထူးချွန်စွာအောင်မြေခဲ့တဲ့ ကျောင်းသားများကိုလည်း ဂုဏ်ပြုချီးမြင့်ခဲ့ပါတယ်။
ယနေ့ ဘွဲ့ယူ ကျောင်းဆင်းသူတွေကတော့ ECCD Diploma (၃၀) ဦး၊ L,Th (၂၀) ဦး၊ B.Min (၁၃) ဦး၊ BATs (English) (၁၇) ဦး၊ BATS (Music) (၉) ဦး၊ Diploma In Computer Application (DCA) (၂၇) ဦး၊ B.Th (၁၂၁) ဦး၊ M.Min (၁၃) ဦး၊ MACS (၃)ဦး၊ M.Div (၅၈) ဦးနဲ့ M.Th ကျောင်းဆင်းတစ်ဦး အသီးသီး ဘာသာရပ်အလိုက် ဘွဲ့လက်မှတ်များ ရယူခဲ့ကြပါတယ်။