၆၃ ဧကကျယ်ဝန်းတဲ့ မြစ်ကြီးနား မနောကွင်းတဝိုက် စွန့်ပစ်အမှိုက်ရှင်းလင်းမှု စေတနာ့ဝန်ထမ်းလူငယ်များဖြင့်လုပ်ဆောင်

ကချင်ပြည်နယ်ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးကွန်ယက်မှ စေတနာ့ဝန်ထမ်းများဖြင့် ၆၃ ဧကကျယ်ဝန်းတဲ့ မြစ်ကြီးနား စီတာပူမနောကွင်းအတွင်း မေလ ၃၁ ရက်နေ့က စွန့်ပစ်အမှိုက်များလိုက်လံရှင်းလင်းမှု ပြုလုပ်ခဲ့ကြသည်။ မိုးတွင်းကာလ ကျရောက်တော့မည်ဖြစ်ပါသဖြင့် ခြင်များပေါက်ဖွားမှုမရှိစေဖို့နှင့် ကချင်လူမျိုးတွေတန်ဖိုးထားတဲ့ မနောကွင်းအတွင်း သန့်ရှင်းသာယာလှပနေဖို့ လိုက်လံရှင်းလင်းခြင်းဖြစ်သည်ဟု သိရသည်။ “မြစ်ကြီးနားမြို့မှာရှိတဲ့ ဒီနေရာက ကချင်လူမျိုးတွေအတွက် အင်မတန်မှ အရေးကြီးတဲ့နေရာဖြစ်တာကြောင့် ဒီနေရာမှာ အမှိုက်သရိုက်များစွာရှိနေတာကို မလိုလားအပ်ဘူး” လို့ လူငယ်တစ်ယောက်က ဆိုသည်။ စေတနာ့ဝန်ထမ်းများအနေဖြင့် အသွားအလာကန့်သတ်ထားချိန်အတွင်း အတိဒုက္ခရောက်နေသူများကို အစားအသောက်ဝေငှပေးခြင်းများလုပ်ဆောင်ခဲ့ပြီး လက်ရှိတွင် မိုးတွင်းကာလ ကျရောက်တော့မည်ဖြစ်ပါသောကြောင့် စစ်ဘေးရှောင်စခန်းများအတွင်း ခြင်ပေါက်ဖွားမှုမရှိစေရေး ခြင်ဆေးဖြန်းခြင်းများနှင့် အများပြည်သူကျန်းမာရေးအတိတိုးပွားစေဖို့ လှုပ်ရှားမှုများလည်း ပြုလုပ်သွားဖို့ ပြင်ဆင်ဆောင်ရွက်ထားကြောင်းကိုလည်း ဆက်စပ်သိရှိရသည်။

Leave a Reply

*