၂ ငါးလုံးပြည်လုံးကျွတ်သပိတ်ကို မြစ်ကြီးနားမြို့မှာလည်း ပုံစုံမျိုးစုံဖြင့် ပြုလုပ်ခဲ့

ဖေဖော်ဝါရီ ၂၂ ရက်နေ့ကတော့ ၂ ငါးလုံးထပ်တဲ့ နေ့ရက်ဖြစ်တာကြောင့် တနိုင်ငံလုံးရှိ ဈေးတွေအားလုံး လုပ်ငန်းတိုင်းပိတ်သိမ်းပြီး ပြည်လုံးကျွတ်သပိတ်ကို ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားမြို့ကလည်း ပုံစံမျိုးစုံဖြင့် ပါဝင်ဆင်နွဲခဲ့ကြပါတယ်။

Photo Credit : KBC Kachin

၂ ငါးလုံးပြည်လုံးကျွတ်သပိတ်တွင် လူထောင်ပေါင်းများစွာဖြင့် ဝတ်ပြုဆုတောင်းခြင်းကို Myitkyina Christian Council (MCC) က ဦးဆောင်ပြီး ပြုလုပ်ခဲ့ကာ ခရစ်ယာန်ဂိုဏ်းပေါင်းစုံရှိ ဘာသာဝင်များပါဝင်ဆင်နွဲခဲ့သလို အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖျက်သိမ်းရေ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေး၊ ဖမ်းဆီးခံထားရသူများလွတ်မြောက်ရေးနဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင်ပါဝင်နေသော နိုင်ငံဝန်ထမ်းများလုံခြုံမှုရှိရေးအတွက်လည်း ဆုတောင်းမေတ္တာပို့သခဲ့ကြပါတယ်။

ဒါ့အပြင် ရပ်ကွက်အသီးသီးရှိ စည်ပင်ဈေးများ၊ တမြို့လုံးရှိ ဆိုင်ခန်းများအပြင် မြို့မဈေးကြီးရှိ ဆိုင်ခန်းအားလုံးပိတ်သိမ်းပြီး ၂ ငါးလုံးပြည်လုံးကျွတ်သပိတ်ကို မြို့တွင်း လမ်းလျှောက်ဆန္ဒထုတ်ဖော်ခြင်း၊ ဆိုင်ကယ်များဖြင့် ဆန္ဒထုတ်ဖော်ခြင်းများ တစ်မြို့လုံးနီးပါး လမ်းပေါ်ထွက်သပိတ်မှောက်ခဲ့ကြတာပါ။

Photo Credit : KBC Kachin

“ဖေဖော်ဝါရီ ၁၂ ရက်နေ့ကစပြီး မတူညီတဲ့နည်းလမ်းများဖြင့် သပိတ်မှောက်တာတွေလုပ်ဆောင်နေတယ်၊ ဒီနေ့ကတော့ ပြည်သူတစ်ရပ်လုံးပါဝင်ပြီး ဆုတောင်းခြင်းလုပ်ဆောင်တယ်၊ ပြီးတော့ ကျတော်တို့ရည်မှန်းထားတဲ့ပန်းတိုင်မရောက်မချင်း ဆန္ဒထုတ်ဖော်သွားမှာပဲ အဲ့ဒီအချိန်မှာလည်း ပြည်သူတစ်ရပ်လုံးပါဝင်ကြရအောင်” လို့ ဝတ်ပြုဆုတောင်းပွဲပါဝင်သူတစ်ဦးပြောပါတယ်။

Photo Credit

ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်အများစုက ၂ ငါးလုံးပြည်လုံးကျွတ်သပိတ်ကို တောရောမြို့ပါမကျန် ဌာနေဒေသခံများနဲ့ တိုင်းရင်းသားပေါင်းစုံ အတူတကွပါဝင်ဆင်နွဲကာ အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့ မြန်မာတနိုင်ငံလုံးနည်းတူ သပိတ်မှောက်ခဲ့ကြကာ အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်ဆန္ဒပြနေမှုက တစ်နေ့ထက်တစ်နေ့ပိုမိုအင်အားတောင့်တင်းလာခဲ့ပါတယ်။

Leave a Reply

*