၂၁ ရက်ကြာ မူဆယ်မြို့ကို အလှည့်ကျ မီးဖြတ်တောက်ထားမည်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ရှိ ပြည်ထောင်စုလမ်းမကြီးကို ချဲ့ထွင်ရန်အတွက် ရက်ပေါင်း ၂၁ရက်ကြာအောင် ဓာတ်အားပိတ်ကာ လုပ်ငန်းဆောင်ရွက်မှာဖြစ်ကြောင်း သတင်းရရှိပါတယ်။

မူဆယ်မြို့ ပြည်ထောင်စုလမ်းမကြီးကို ချဲ့ထွင်ရာတွင် လမ်းဧရိယာနဲ့ မလွတ်ကင်းတဲ့ ဓာတ်တိုင်များနဲ့ ထရန်စဖော်မာများကို ပြောင်းရွေ့စိုက်ထူရန်အတွက် ရပ်ကွက်များတွင် လျှပ်စစ်မီးများကို အလှည့်ကျ ဖြတ်တောက်သွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။

ရပ်ကွက်များကို ၁၁ ကေဗွီဖီဒါများနှင့် ဝန်အားမျှရန်အတွက် (၁၂.၁၀.၂၀၂၁ မှ ၃.၁၁.၂၀၂၁ )ထိ နံနက် (၁၀)နာရီမှ ညနေ (၃) နာရီ အထိ ဓာတ်အားပိတ် လုပ်ငန်းဆောင်ရွက်မည်ဖြစ်ကြောင်းလည်း သိရပါတယ်။ အဆိုပါ ရက်များအတွင်း မူဆယ်မြို့ပေါ်မှ ရပ်ကွက်များနဲ့ ကြူကုတ် (ပန်ဆိုင်း) မြို့နယ်များတွင်လည်း မီးပြတ်တောက်မည်ဖြစ်ကြောင်း ကြေငြာထားတယ်လို့လည်း သိရပါတယ်။

Leave a Reply

*