ကချင်ပြည်နယ် ရွှေကူမြို့နယ် မြို့လှကျေရွာအနီး ယနေ့ ဇူလိုင် ၉ ရက်နေ့ ၂ နာရီခွဲခန့်တွင် အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၈) တပ်ရင်း (၅) နဲ့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်အကြမ်းဖက်အုပ်စုများက ကချင်ပြည်နယ်ဘက် အင်အားအလုံးအရင်းဖြင့် စစ်ရေးဖြည့်တင်းမှု စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာခြင်းကြောင့် ကေအိုင်အေဘက်မှ ကြားဖြတ်တိုက်ခိုက်နေတာဖြစ်ပါတယ်။
ထိုသို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေစဉ် အာဏာသိမ်းစစ်တပ်က မြစ်ကြီးနားလေတပ်စခန်းမှ ဂျက်တိုက်လေယာဉ် ၄ စီးဖြင့် တိုက်ပွဲဖြစ်ပွားရာနေရာဘက်ကို လာရောက်ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်းလည်း သိရပါတယ်။
ယမန်နေ့ ဇူလိုင် ၈ ရက်နေ့ ညနေ ၈ နာရီခွဲတွင်လည်း ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်တွင် အာဏာသိမ်းစစ်တပ် ခမရ (၃၂၁)နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် ကြားတိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။