မြန်မာ့တပ်မတော်မှအပြစ်မဲ့ရွာသူရွာသားများအား ဖမ်းဆီးနှိပ်စက်ကာ စစ်ဆေးမေးမြန်းခြင်းများဆက်လက်လုပ်ဆောင်လျက်ရှိ

KIA တပ်ခွဲ (၇) နယ်မြေ ရှိ အင်ခရုပ်ဘွမ် တစ်လျှောက်စစ်ကြောင်းဖြန့်ကာသွားလာလှုပ်ရှားလျက်ရှိသောအင်အား(၆၀) ခန့်ရှိ မြန်မာ့တပ်မတော်တပ်ရင်း သည် ဖေဖော်ဝါရီ ၂၂ ရက်နေ့ နံနက် ၁၁:၁၅ အချိန်ခန့်တွင် ဆမ်နောင်ခခူးလမ်းခွဲအထွက်တွင် ထင်းခွေထွက်လာသော ဒုမ်ဘန်ကျေးရွာ၊ ရပ်ကွက် (၂)နေ ဦးဝဖိုင်ဆိုင်းခွန်အားဖမ်းဆီးပြီးနောက် မျက်စိပိတ်ပြီး၊ ကြိုးနှင့်ချည်နှောင်ထားကြောင်းဒေသခံများမှတစ်ဆင့်သိရှိရသည်။ ထို့အပြင်မြန်မာ့တပ်မတော်မှ၎င်းတို့ထံ၌ရှိသော KIA တွင်တာဝန်ထမ်းဆောင်လျက်ရှိသူများ ၏နာမည်စာရင်းကိုဖတ်ပြပြီး စစ်ဆေးမေးမြန်းရာ ဦးဝဖိုင်ဆိုင်းခွန်မှမသိကြောင်းပြန်ဖြေကြား သောကြောင့် ခြေထောက်နှင့်နှစ်ကြိမ်တိုင်တိုင်ကန်ကျောက်ခဲ့ကြောင်း နှင့် ဦးဝဖိုင်ဆိုင်းခွန်အား ညနေ ၄:၂၀ အချိန်ခန့်တွင်ပြန်လွတ်ပေးလိုက်ကြောင်းရှိရသည်။

ဆက်လက်၍ မြန်မာ့တပ်မတော်မှ ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင်ပူတာအိုခရိုင်၊ နမ်ခမ်းကျေးရွာတွင်နေထိုင်သော ရွာသူရွာသားများ၏ နေအိမ်တိုင်းသို့ဝင်ရောက်ရှာဖွေ စစ်ဆေးပြီး နမ်ခမ်းကျေးရွာနှင့် အင်ဝိုင်းဘော် ကျေးရွာနေအပြစ်မဲ့ရွာသား (၆)ဦ်းအား ပူတာအိုသို့ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရှိရသည်။

Leave a Reply

*