ဗန်းမော်ခရိုင်၊ ဗန်းမော်ရောဘတ် စစ်ဘေးရှောင်စခန်း သို့ မတ်လ(၃၀)ရက်နေ့တွင် မြန်မာအစိုးရတာဝန်ရှိသူများလာရောက်ပြီး ကိုယ်ဝန်ဆောင်မိခင်လောင်းများအား တစ်ဦးလျှင် ကျပ် ၁၀၀၀၀၀ (တစ်သိန်းကျပ်)၊ ၅-နှစ်အောက်ကလေးများအား တစ်ဦးလျှင် ကျပ် ၅၀၀၀၀ (ငါးသောင်းကျပ်)၊ သက်ကြီးရွယ်အို များအား တစ်ဦးလျှင် ကျပ် ၅၀၀၀၀ (ငါးသောင်းကျပ်)၊ ခြေလက်အင်္ဂါ ထိခိုက်ဒဏ်ရာရသူများအား တစ်ဦးလျှင် ကျပ် ၁၀၀၀၀၀ (တစ်သိန်းကျပ်) ဖြင့်စုစုပေါင်းလူဦးရေ (၃၉၁) ဦးအတွက် ကျပ် ၂၃,၁၅၀,၀၀၀ (နှစ်ရာသုံးဆယ့်တစ်သိန်းငါးသောင်းကျပ်)ပေးအပ်သွားကြောင်းသိရှိရပါသည်။