ကေအိုင်အေလှုပ်ရှားတပ်ရင်းအမှတ်(၂၅၃)နယ်မြေ၊ ရှန်ခေါင်တောင်ရှိမြန်မာစစ်တပ်မှ လက်နက်ငယ်များဖြင့် မတ်လ ၁၄ရက် နံနက် ၉း၁၅နာရီအချိန်မှစ၍တရစပ်ပစ်ခတ်အသံပေးကာ၊ ညနေ ၄း၄၅နာရီအချိန်တွင်လည်းတစ်ကြိမ် လက်နက်ငယ်အချက်ပေါင်း(၄၀)ထက်မနည်းပစ်ခတ်ခဲ့သည်။ ထို့အပြင် နေ့လည် ၃း၀၀နာရီ အချိန်တွင်လည်း ဆမား မြန်မာစစ်တပ်မှ MG-42 နှင့် ပတ်ဝန်းကျင်သို့ လက်နက်ငယ်အချက်ပေါင်း (၃၅၀) ထက်မနည်းပစ်ခတ်ခဲ့ကြောင်းသိရသည်။
မတ်လ ၁၄ရက် နေ့လည် ၃း၂၀နာရီအချိန်၊ မန်ဂျယ်၊ ဘောင်နွယ်အထက်ပိုင်း ကိုင်ထိပ်လမ်းတွင် ကချင်ပြည်သူ့စစ် (MKM) အဖွဲ့မှလုံခြုံရေးအတွက်ထောင်ထားသောဗုံးအား ကိုင်ထိပ်မှဆင်းလာသောမြန်မာစစ်တပ်မှထိမိ၍ပေါက်ကွဲသွားခြင်းကြောင့် မြန်မာစစ်တပ်မှ ကေအိုင်အေအဖွဲ့ရှိရာဖက်သို့ MG-42 ဖြင့် နှစ်ကြိမ်ပစ်ခတ်ခဲ့ကြောင်းသိရှိရသည်။
ကေအိုင်အေမှရှောင်တိမ်းသွားခဲ့သော တနိုင်း ဒေသရှိ ကေအိုင်အေတပ်ရင်းအမှတ်(၁၄)ဌာနချုပ်ကုန်းမှ မတ်လ ၁၄ရက် နေ့လည် ၃း၂၀နာရီအချိန်ခန့် မြန်မာစစ်တပ်ပစ်ခတ်လိုက်သော လက်နက်ကြီး(၁)လုံး သည် ရဲမွတ်မော် သွားသောလမ်းဖက်သို့ ကျရောက်ခဲ့ကြောင်းသိရှိရသည်။