လွတ်ငြိမ်း ချမ်းသာခွင့် ပေးလိုက်သည့် အောက်တိုဘာလ ၁၃ ရက်နေ့ နောက်ပိုင်းမှ စတင်ကာ မြစ်ကြီးနားမြို့တွင် မူခင်းဖြစ်ပွားမူနှုန်း သိသိသာသာ မြင့်တက်လာကြောင်း သိရသည်။
နေ့လည်နေ့ခင်း လမ်းမများတွင် ပိုက်ဆံအိတ်နှိုက်၊ ဆွဲကြိုးဖြတ်၊ အလစ်သုတ် မူများ မကြာ ခဏဖြစ်ပွားလာကြောင်း မြို့ခံများက ဆိုသည်။
အောက်တိုဘာလ ၂၅ ရက်နေ့တွင်လည်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြေမြင့်ရပ်ကွက် ရှိ ၉၉၉ အုတ်လုပ်ငန်း ပိုင်ရှင်၏ နေအိမ်ကို မနက် ၁ နာရီဝန်းကျင်တွင် ဓမြတိုက်ခဲ့ ကြောင်းသိရသည်။ လတ်တလောတွင် အိမ်တွင်းသို့ ၀င်ရောက်ဓမြတိုက်မူ များလည်း မြင့်တက် လာကြောင်းသိရသည်။
လွတ်ငြိမ်း ချမ်းသာခွင့် ပေးလိုက်သည့် အကျဉ်းသား ခြောက်ထောင်ကျော်တွင် နိုင်ငံရေးအကျဉ်းသား ၂၀၀ ၀န်းကျင်သာရှိပြီး အများစုမှာ ခိုး၊ ဆိုး၊ နှိုက်လူသတ် ရာဇ၀တ်မူ ကြောင့် ပြစ်ဒဏ်ခံ ရသူများဖြစ်သည်။