အောင်ဘာပတ်မော် ဝန်းကျင် တိုက်ပွဲပြင်းထန်၊ နမ်ခမ်း၇ွာစာသင်ကျောင်းထဲလက်နက်ကြီး ကျ

မတ်လ(၅)ရက်နံနက်၁၁း၁၅ မှ ၁၁း၅၅ အချိန်အတွင်း ကေအိုင်အေ တပ်၇င်း(၁၄)မှတပ်နေရာယူလျက်ရှိသောအောင်ဘာပတ်မော်အထက်တောင်ကုန်းပေါ်သို့မြန်မာတပ်မှစစ်အင်အားအလုံးအရင်းဖြင့်ထိုးစစ်ဆင်လာသောကြောင့်တိုက်ပွဲများဖြစ်ပွားပြီး ၁၁း၅၅ အချိန်ခန့်တွင် ကေအိုင်အေ တပ်၇င်း(၁၄)မှ နောက်တန်းသို့ဆုတ်ကာပြန်လည်ပြင်ဆင်နေရာယူ ထားကြောင်းသိရှိရသည်။

မတ်လ(၅)ရက် နံနက်၁၁း၄၀မှနေ့လည်၁၂း၁၀ အချိန်အတွင်း ကေအိုင်အေ တပ်၇င်း(၁၄)မှ နေရာယူထားသောဒင်ခွန်နှင့် ဒင်ခွန်မြစ်တံတား တစ်ဝိုက်တွင် သံလွင်မော်ဖက်မှတက်လာသောဗမာတပ်နှင့် ကေအိုင်အေတပ်များ တိုက်ပွဲစတင်ဖြစ်ပွားကာ ညနေ၅း၅၅ မှ ၆း၃၀ တွင်တိုက်ပွဲနောက်တစ်ကြိမ်ထပ်မံဖြစ်ပွားကြောင်းသိရှိရသည်။ တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း သံလွင်ကျေးရွာရှိ မြန်မာတပ်မှ လက်နက်ကြီး(၁၀)ကြိမ်ထက်မနည်းပစ်ခတ် ခဲ့ပြီး နမ်ခမ်း၇ွာစာသင်ကျောင်းထဲသို့ လက်နက်ကြီး(၂)လုံးကျခဲ့ကြောင်းသိရှိရသည်။

မတ်လ(၅)ရက်နေ့ ညနေ၂း၂၅မှ ၂း၄၀ အချိန်အတွင်း နယ်လှည့်ကြည့်ရှုစစ်ဆေးနေသောကေအိုင်အေ တပ်၇င်း(၁၄) တပ်နှင့် လပူခဖက်ခြမ်းမှတက်လာသော မြန်မာတပ်များ လုံဂျွန်ပါဘော်၊ ဂျွန်မြစ်တစ်ဝိုက်တွင် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။

မတ်လ(၅)ရက်နေ့လည် ၁၂း၀၀မှ၁၂း၄၀ အချိန်အတွင်း ကေအိုင်အေတပ်၇င်း (၇)နယ်မြေ၊ တယန်းဇွပ်ဖက်သို့ ချီတက်လာသောမြန်မာတပ်အား ကေအိုင်အေတပ်၇င်း(၂၂)မှ က၀ါးပန်နှင့်ထင်ဘိုင်ကြားတွင် ဆီးကြိုတိုက်ခိုက်ခဲ့ကြောင်းသိရသည်။ ကေအိုင်အေဖက်မှ ၇၉ မမ လောင်ချာဖြင့်စတင်ပစ်ခတ်ရာမှတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းေ၇ှ့တန်းသတင်း ကြားသိရသည်။

Leave a Reply

*