နောင်ဆိုင်ကျေးရွာဟောင်းတွင် လင်မယားနှစ်ဦးစလုံး သေနတ်ဖြင့်ပစ်သတ်သေမှုဖြစ်ပွား

ကွတ်ခို်င်ခရိုင်၊ ဒီမား၊ နောင်းအိန်ကျေးရွာနေ ဦးလမာနော်(အသက်-၃၂နှစ်) နှင့်ဇနီး တန်ဘောင်ဂျာဆိုင်း(အသက်-၂၁နှစ်) တို့သည် နောင်ဆိုင်ကျေးရွာဟောင်းဖက်သို့ မတ်လ(၂၅)ရက်နေ့တွင်ထင်းခွေသွားရာမှ အချင်းချင်းစကားများကြရာ ခင်ပွန်းဖြစ်သူမှ ဇနီးဖြစ်သူအားတူမီးသေနတ်ဖြင့်ပစ်သတ်ပြီးနောက်ယင်းသေနတ်ဖြင့်မိမိကိုယ်ကို ပြန်အဆုံးစီရင်သွားကြောင်းဒေသခံများမှတစ်ဆင့် သိရှိရပါသည်.

Leave a Reply

*