စကခ (၂၁ )၊လက်အောက်ခံ ဗန်းမော်အခြေစိုက် ခလရ (၄၇) နှင့် ကေအိုင်အေ တပ်မဟာ ၃
လက်အောက်ခံ၊ တပ်ရင်း ၁ တို့ စက်တင်ဘာလ ၁၄ ရက်နေ့ နေ့လည် ၁နာရီခွဲမှ ၂ နာရီထိ
တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်းသိရသည်။ မြန်မာအစိုးရစစ်တပ် ခလရ (၄၇) မှ အင်အား
၁၀၀ကျော် ကို မန်စီမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာ အနီးတွင် ကေအိုင်အေ
တပ်ဖွဲ့မှ ချုံခိုတိုက်ခိုက်ခဲ့ရာ မြန်မာအစိုးရစစ်တပ်မှ နှစ်ဦးကျဆုံးခဲ့ပြီး
ထိခိုက်ဒဏ်ရာရရှိသူများ ပြားကြောင်းသိရသည်။
ယင်းနေ့ နေ့လည် ၁၁နာရီခွဲတွင်လည်း ကေအိုင်အေ တပ်မဟာ ၅ လက်အောက်ခံ၊ တပ်ရင်း ၁၈
နယ်မြေ၊ မြစ်ကြီးနား-လိုင်ဇာကားလမ်း၊ နန့်ဆန်ယန်ကျေးရွာအနီး ခလားကုန်းတွင်
မြန်မာအစိုးရစစ်တပ် စကခ(၂၁) လက်အောက်ခံ နွမ်လန်းကျေးရွာအခြေစိုက် ခမရ (၄၃၈)
နှင့် ကေအိုင်အေ တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ မြန်မာအစိုးရစစ်တပ်ဘက်
တွင် ထိခိုက်ဒဏ်ရာ ရရှိသူများရှိခဲ့ကြောင်းသိရသည်။