ကေအိုင်အေ မှမြန်မာစစ်ကား တန်း အားဟန့်တား တိုက်ခိုက်

မူဆယ်ခရိုင်၊ ကောင်းဆထီးကျေးရွာတွင် Tung Fung ကားတစ်စီးဖြင့်တက်လာသော အင်အား(၂၀)ခန့်ရှိမြန်မာစစ်တပ်အား ကေအိုင်အေ အမှတ်(၃၆)တပ်ရင်းမှ မတ်လ(၂၇)ရက်နေ့နံနက် ၈း၂၇နာရီအချိန်တွင် ခကျန်ချိုင့် တွင်ဆီးကြိုတိုက်ခိုက်ခဲ့ကြကြောင်းရှေ့တန်းသတင်းများမှသိရှိရပါသည်။

ထို့အတူ မတ်လ(၂၆)ရက်နေ့၊ မ.ပ.ခ မှ လက်နက် ခဲယမ်း နှင့် ရိက္ခာ၊ အသုံးအဆောင်များသယ်ဆောင်၍ ဆွမ်ပရာဘွမ် ကျော်ဖြတ် တက်လာသော မြန်မာစစ်တပ် ကားတန်း(၄၀)စီးအဖွဲ့အားလည်းဒေသခံ ကေအိုင်အေ တပ် မှ တယန်းဇွပ်အနီး နေရာ(၂)နေရာတွင် ဟန့်တား တိုက်ခိုက်ခဲ့ ကြောင်းသတင်းရရှိသည်။

တဖန်တနိုင်းဒေသ၊ ခဒဇွပ် မြန်မာစစ်တပ် ခ.လ.ရ(၂၉၈)မှ   မတ်လ(၂၆)ရက်နေ့ ညနေပိုင်းတွင်လက်နက်ငယ်များ ဖြင့် ပတ်ဝန်းကျင်တစ် ဝိုက် ၅ ကြိမ်၊ ၆ကြိမ်ခန့် အသံပေးပစ်ခတ်ခဲ့ကြောင်းသိရှိရသည်။

Leave a Reply

*